မိမိချစ်သူမှာ သေဆုံးသွားခဲ့ပေမယ့်လည်း နှစ်ရှည်လများစွာ ချစ်သူရုပ်အလောင်းနဲ့ အတူတူနေထိုင်ခဲ့တဲ့ အမျိုးသား

//s9.kh1.co/cb/cbfd9fb625da51f4fb19bb9ecba698507b3d7a17.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

၁၉၃၁ ခုနှစ်မှာ Dr.Carl ဟာ တီဘီရောဂါဖြစ်နေတဲ့ လူနာကို ကုသပေးရင်း ချစ်ကျွမ်း၀င်ခဲ့ပါတယ်။ အဲ့ဒီအချစ်ကပဲ သူရဲ့လူနာကို အသက်ရှင်စေချင်ခဲ့ပါတယ်။ လူနာအမျိုးသမီးရဲ့ နာမည်ကတော့ Maria Elena Milagro de Hoyos ပဲဖြစ်တာ အမေရိကန်ကျူးဘား လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ တီဘီရောဂါနဲ့ သူမသေဆုံးသွားခဲ့ပြီးနောက် ၁၉၃၃ခုနှစ်မှာ Dr.Carl ဟာ သူမရုပ်အလောင်းကို ဂူဗိမာန်ကနေ တိတ်တိတ်လေး အိမ်ကိုသယ်ယူလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=345,q=100/8d/8d362084d521e41102edfd571bc4e6b346acdf90.jpg
https://s9.kh1.co/__image/w=650,h=345,q=100/c2/c256a3519b0b29fc2231659579e146b06d1c78eb.jpg

Dr.Carl ဟာ သေဆုံးသွားခဲ့တဲ့ သူ့ချစ်သူရုပ် အလောင်းကို ပုံမပျက်အောင်နှင့် အရိုးတွေပြုတ်မထွက်အောင် ကြေးနန်းကြိုးနဲ့တုတ်ထားခဲ့ပါတယ်။ နောက်ပြီး ပျက်စီးသွားတဲ့ မျက်လုံးကို ဖန်မျက်လုံးတပ်၊ တန်ဖိုးကြီး ပိုဖဲ ဂါဝန်ကို ဆင်မြန်းပေးပြီး လက်အိတ် လေးတွေဝတ်၊ ရေမွှေးတွေကို အလွန်အကျွံ ဆွတ်ပေးပြီး သူမရဲ့ ရုပ်အလောင်းကို မပုပ်မသိုးအောင် ပြုလုပ်ခဲ့ပါတယ်။ အဲ့နောက် သူရဲ့အိပ်ရာပေါ်မှာပဲ ထားခဲ့ပြီး ၇နှစ်လောက်ထိ သူနဲ့အတူတူ ရှိစေခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=397,q=100/cb/cb61fa4cafa49c31046106e862bab8a90793a7db.jpg
https://s9.kh1.co/__image/w=600,h=401,q=100/12/12487555f782129de8f3217723f7cb3ba07ba906.jpg

မြို့ထဲမှာတော့ ယောက်ျားတစ်ယောက် မိန်းမအ၀တ်အစားတွေ၀ယ်ပြီး ရေမွှေးတွေ၀ယ်၀ယ်နေတဲ့ဆိုတဲ့ သတင်းကတော့ ထွက်လို့နေခဲ့ပြီး ကောင်လေးတစ်ယောက် ပြောပုံအရတော့ ဆရာ၀န်တစ်ယောက်ဟာ အရုပ်ကြီးတစ်ရုပ်နဲ့ ကနေခဲ့တယ်ဆိုပြီး ပြောခဲ့ပါတယ်။ Hoyos ရဲ့မိသားစုဟာ တစ်ခုခုမှားနေပြီဆိုပြီး သိထားပါတယ်။ နောက် Hoyos ရဲ့အစ်မဖြစ်သူ တစ်ရက် Dr.Carl ဆိသွားတဲ့အချိန်မှာ သူ့ညီမရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရပြီး အံ့ဩခဲ့ရပါတယ်။ Dr.Carl လည်း အလောင်းဖောက်မှုနဲ့ အဖမ်းခံခဲ့လိုက်ရပါတယ်။ ဒါကတော့ အချစ်နဲ့တွေ့မိတဲ့အခါ သမားရိုးကျဖြစ်စဉ်တွေတောင် လက်မခံနိုင်တဲ့ထိ ဖြစ်ခဲ့ရတဲ့ ဆရာ၀န်တစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=375,q=100/f0/f08ab02dc02153037d9693cc7b189aa414203c77.jpg

သတင်း အရင်းအမြစ်Allthatsinteresting

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T