မီးတောင်ပေါက်ကွဲမှု‌ကြောင့် ချော်ရည်အောက်ကိုရောက်ခဲ့ရတဲ့ ပွန်ပီမြို့နှင့် ဆိုး၀ါးစွာ ဝေဒနာခံစားခဲ့ကြရသူများ

//s9.kh1.co/85/8550cc9aa7a9ef8116844779908e7eadf044beef.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာ AD 79 ခုနှစ်လောက်တုန်းက ပွန်ပီ (Pompeii) လို့ခေါ်တဲ့ ရောမမြို့တစ်မြို့ ရှိခဲ့ပါတယ်။ လက်ရှိအနေအထားအရပြောရမယ်ဆိုရင်တော့ ပွန်ပီမြို့ဟာ အီတလီနိုင်ငံ (Naples) မြို့တော်အနီးမှာ တည်ရှိခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ ပွန်ပီမြို့ဟာ တည်ရှိခဲ့စဥ်က အလွန်သာယာလှပတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပီး မြို့လယ်ခေါင်မှာလည်း အလွန်လှပတဲ့ (Vesuvius)ဗစ်ဆူးဗီးယပ်အမည်ရ မီးတောင်ကြီး ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=458,q=100/33/33eb91c43b9bf3f6379922e2c7b812eb18065f0c.jpg
https://s9.kh1.co/__image/w=634,h=409,q=100/3c/3c058cfdd732e3b85fb074ff86195a7b1336ada6.jpg

ဒီ (Vesuvius ) ဗီဆူးဗီယက် မီးတောင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းခန့်ကတည်းကဖြစ်တည်လာခဲ့ပြီး ၅ ကြိမ်တိုင်တိုင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ မီးတောင်ကြီးဟာ AD 79 ခုနှစ်မှာ နောက်ဆုံးပေါက်ကွဲခဲ့ပြီး ပွန်ပီမြို့တစ်မြို့လုံးကို ချော်ရည်တွေအောက် ဖုံးလွှမ်းစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ ပွန်ပီမြို့က လူဦးရေ ၂၀၀၀ လောက်သေဆုံးခဲ့ရပြီး သူတို့ရဲ့ရုပ်အလောင်းတွေဟာလည်း ချော်ရည်တွေ ပြာမှုန့်တွေအောက်မှာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/48/4828527e5240052699c984dcbda0709b6c62d0de.jpg
https://s9.kh1.co/__image/w=634,h=396,q=100/6c/6c70be1fa8ba72a2f81274daebf7f928a5f4f199.jpg

မြို့ကြီးကိုတော့ ပညာရှင်တွေဟာ 1748 ခုနှစ်မှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပီး စိတ်မကောင်းစရာ ချော်ရည်ပူတွေအောက်မှာ သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကိုပါ တွေ့ရှိခဲ့ရပါတယ်။ ဒီရုပ်အလောင်းတွေကိုတော့ ပုံစံအမျိုးမျိုးနဲ့ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပီး သူတို့ရဲ့ပုံစံတွေအရ မသေဆုံးခင်မှာ အင်မတန်ဆိုးဝါးလှတဲ့ နာကြင်မှုဝေဒနာတွေကို မခံစားနိုင်တဲ့အဆုံး သေပွဲဝင်ခဲ့ရသူတွေဖြစ်တယ်လို့ ပညာရှင်တွေကပြောထားတာကို တွေ့ရပါတယ်။ ဒီကြောက်စရာ ဖြစ်ရပ်ဆိုးကြီးဖြစ်ပေါ်ခဲ့ချိန်က ကိုယ်တိုင်ခံစားရခဲ့ရသူတွေအဖို့တော့ တကယ့်ကို အိမ်မက်ဆိုးကြီး တစ်ခုလိုပါပဲ။

https://s9.kh1.co/__image/w=650,h=436,q=100/65/652d039b13ec5640f19582396cbc3680afe0568f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/54/545634daa51c3e38613c18e7d9363903fc51d4b9.jpg
https://s9.kh1.co/__image/w=650,h=659,q=100/5f/5fcbf358890921fd63d9d9bbb720040ec34bdfed.jpg

သတင်း အရင်းအမြစ်Elitereader

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T