ပုံမှန်နွားတွေနဲ့မတူပဲ မျက်နှာနှစ်ဖက် နားရွက်လေးခုနဲ့ ထူးဆန်းစွာ မွေးဖွားလာခဲ့တဲ့ နွားလေး

//s9.kh1.co/7e/7e051792b0443a6f8b4d2cd52ef6a1a02f929ebe.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

Kentucky က Campbellsville ဆိုတဲ့လယ်ယာမြေမှာ Lucky ဆိုတဲ့ နွားမလေးတစ်ကောင်မွေးဖွားခဲ့ဖူးပါတယ်။ ထူးဆန်းနေတာက ဒီနွားမလေးဟာ သာမန်နွားတွေနဲ့မတူပဲ မျက်နှာနှစ်ခု ပါနေတာပါဘဲ။ ပိုင်ရှင်တွေအနေနဲ့လည်း စစမွေးချင်တုန်းက အမွှာနွား၂ကောင်လို့ ထင်ခဲ့ပေမယ့် တစ်ကောင်တည်းမှန်း သိလိုက်ရတဲ့အချိန်မှာ ​တော်တော်အံ့ဩသင့်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=929,q=100/dc/dccf8bba9ccbf7d8311791379836d958e5ba556a.jpg
https://s9.kh1.co/__image/w=590,h=326,q=100/73/73ff12593493921d0949c9af7505859629b1e5ce.jpg

မွေးဖွားချိန်မှာတော့ လယ်ပိုင်ရှင်တွေဟာ သေပီလို့ထင်ခဲ့ပေမယ့် ကံကောင်းပြီး အသက်ရှင်နေလို့ သူမနာမည်ကို လွယ်လွယ်ကူကူဘဲ Lucky လို့ပေးလိုက်တာပါ။ Lucky လေးဟာ နှာခေါင်းနှစ်ခု၊ ပါးစပ်နှစ်ပေါက်နဲ့ မျက်လုံး၄လုံးပါပေမယ့်လည်း အလယ်က မျက်လုံး၂လုံးကတော့ မမြင်ရပါဘူး။ ဒါ့အပြင် Luck လေးဟာ လမ်းလျှောက်နိုင်ပေမယ့် ခြေထောက်ကတော့ သိပ်မခိုင်ပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/6d/6d1e34cdf854a7f02f8947483f178709015ec9b8.jpg
https://s9.kh1.co/__image/w=400,h=225,q=100/d8/d8ff8d3323684086260fb3a81a305b89b6496923.jpg

Lucky ဟာမွေးမွေးချင်းမှာတော့ အစာကောင်းကောင်းစားပြီး ကောင်းကောင်းနေထိုင်ခဲ့သလို ထူးဆန်းလို့ သူ့ကိုလာကြည့်တဲ့ လူတွေကအများအပြားပါပဲ။ သူမရဲ့သခင်တွေဖြစ်တဲ့ လယ်ပိုင်ရှင်မိသားစုကလည်း Lucky လေးမွေးဖွားလာတာဟာ သူတို့ရဲ့ ကံကောင်းမှုလို့ ဆိုခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Lucky လေးဟာ သေဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ Lucky လေးဟာ သူ့ဘဝတစ်လျှောက် ပိုင်ရှင်မိသားစုရဲ့ ဂရုစိုက်မှု ဖေးမမှုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားခဲ့ရပြီး အခုအချိန်မှာတော့ ပိုင်ရှင်မိသားစုနဲ့ ဘဝခြားကာ အဆုံးတိုင်ခွဲခွာသွားခဲ့ပါပြီ။

https://s9.kh1.co/__image/w=639,h=361,q=100/42/428354e2a630a7f6564c1f56fb7f8f94848c6533.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/49/491921ea2a7272ab9f78db0fd04769e49a0240dd.jpg

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T