ယုံကြည်ဖို့ခက်ခဲပြီး လူသိနည်းကြတဲ့ ကမ္ဘာတစ်ဝှမ်းက ထူးခြားချက်မ‌ျား

//s9.kh1.co/15/15378c9c42a06b87fe9d17b77a9f1fd14973421f.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အာလုံးသိတဲ့အတိုင်း ကမ္ဘာဆိုတာက ယုံကြည်ဖို့ခက်ခဲတဲ့အရာတွေ ထူးဆန်းတာတွေပြည့်နှက်နေတဲ့ နေရာပါ။ ဒါကြောင့် ဒီနေ့ လူသိနည်းပြီးထူးဆန်းတဲ့ အကြောင်းအရာ (၅) ခုကို ဖော်ပြလိုက်ပါတယ်။

Non invisible ( ဘယ်သူမှမမြင်နိုင်ဘူး )

https://s9.kh1.co/__image/w=600,h=509,q=100/d6/d6a179525730680a037109b13965f926ae54ca2c.jpg

တကယ်လည်းဘယ်သူမှမမြင်နိုင်တဲ့ ပန်းချီကားတစ်ချပ်ပါ၊ မမြင်ဆို ဘာမှလည်း မဆွဲထားပါဘူး။ ဒါပေမယ့် ဒီပန်းချီကားကို ၂၀၁၁မှာ Amee Davison ( အေမီ ဒက်ဗဆွန်) လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ဒေါ်လာတစ်သောင်းနဲ့ ဝယ်ယူခဲ့ပါတယ်။

နာရီမရှိတဲ့ Casino များ

https://s9.kh1.co/__image/w=600,h=257,q=100/79/79bad85af2a303756ef63138664f1db7f919a8d5.jpg

ဒီလို Casinoတွေကတော့ USက နာမည်ကြီး Las Vegas (လက်စ်ဗီးဂတ်စ်)မြို့မှာရှိပါတယ်။ ဒီလောက်သူဋ္ဌေးသူကြွယ် လူကုန်ထံတွေကူးလူးသွားလာနေကြတဲ့ Vegasလိုမြို့ က Casino တွေမှာ နာရီတစ်လုံးတောင်မရှိဘူးတဲ့ဗျာ။ အကြောင်းအရင်းကတော့ ဒီလိုနာရီတွေ မထားတာက လာရောက်ကြတဲ့ Customer တွေကို Casinoထဲမှာပဲ စိတ်နှစ်ပြီး ပျော်စေချင်လို့ပါတဲ့။

ဒိုင်နိုဆောထက်ရှေးကျတဲ့သတ္တဝါ

https://s9.kh1.co/__image/w=600,h=337,q=100/90/9005f3d5aa8301f5c774d9c900a339851dcd0198.jpg

ဒါကတော့ ပိုးဟပ်ပဲဖြစ်ပါတယ်။ ထူးလည်း ထူးဆန်းပါတယ်။ ပိုးဟပ်ဆိုတဲ့ သတ္တဝါက ဒိုင်နိုဆောမျိုးစိတ်တွေကမ္ဘာပေါ်ကို မပျံ့ပွားခင်ကတည်းက တည်ရှိခဲ့ကြတာပါ။ ခုထိလည်း မျိုးမတုန်းသွားသေးတဲ့ သတ္တဝါမျိုးစိတ်လည်းပဲဖြစ်ပါတယ်။ Nuclear ဒဏ်လည်းခံနိုင်ကြတဲ့ သတ္တဝါတွေဖြစ်ပါတယ်။

ဟစ်တလာရဲ့လှို့ဝှက်ချက်

https://s9.kh1.co/__image/w=600,h=455,q=100/d7/d75b01b8bf214cc7c05b535c5f34f8e64dec6894.jpg

ဂျူးမုန်းသူကြီး ဟစ်တလာကို လူတိုင်းသိကြမှာပါ။ ဒါပေမယ့်သူမှာ လူတွေမသိတဲ့ အချက်တွေရှိပါသေးတယ်။ ပထမတခုကတော့ သူဟာ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ယောက်ဖြစ်ချင်ခဲ့တာဖြစ်ပြီး နောက်တစ်ခုက သူကကြောင်ကြောက်တတ်တယ်ဆိုတာပါပဲ။

အမျိုးသမီးများ၏အသုံးစရိတ်

https://s9.kh1.co/__image/w=600,h=400,q=100/54/547b7c73b4e98e49d0f3e68176d3a1cf32e86275.jpg

အထူးတကအထူးဆန်းဆုံးအရာကိုပြပါဆိုလျှင် အမျိုးသမီးတွေကိုသာ လက်ညှိုးထိုးလို့ရပါတယ်။ အကြောင်းကတော့ သူတို့ရှာတဲ့ငွေနဲ့ အသုံးစရိတ်က Balance ဘယ်လိုမှမဖြစ်ပါဘူး။ လေ့လာချက်တွေအရ တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ သူတို့ရှာတယ်ငွေ US$ 18 trillion ရှိနေပေမယ့် အသုံးစရိတ်ကတော့ US$ 28 trillion လောက်ရှိနေပါတယ်။

သတင်း အရင်းအမြစ်Did you know

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T