ဆရာနဲ့ အတန်းဖော်တွေကိုကယ်တင်ဖို့အတွက် ကျည်ဆံအပစ်ခံခဲ့တဲ့ ၁၅ နှစ်အရွယ် ကျောင်းသား

//s9.kh1.co/6b/6b925b2844b12e883404abfeed9f13d141060173.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လောကကြီးမှာလူတိုင်းက သူများအသက်ထက် ကိုယ့်အသက်ကို ကိုယ်ချစ်ကြတဲ့သူတွေချည်းပါပဲ။ သူများကို ကိုယ့်အသက်ထက်ပိုပြီးချစ်ပါတယ်ဆိုတဲ့ သူတွေတောင် တကယ့်တကယ်လည်းကျကော ချနင်း သွားတတ်ကြပါတယ်။ ဒါပေမယ့် အခု အဲ့လိုစိတ်ရှိတဲ့ လူမျိုးတွေ အတုယူသင့်တဲ့ သူတစ်ယောက်အကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်။ သူကတော့ (၁၅)နှစ်အရွယ် အမေရိကန်က ကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=407,q=100/a1/a1030438616be5c5d533eccf78b5de25c08fcf86.jpg

သူ့ရဲ့နာမည်ကတော့ အန်တိုနီ ဘော့ဂ် ဖြစ်ပြီး ဖလော်ရီဒါ ဒေသကပါ။ ပုံထဲမှာဆိုရင် အောက်စီဂျင်ပေးထားရတဲ့ လူနာလေးတစ်ယောက်ကို ပရိတ်သတ်ကြီး မြင်မိကြမှာပါ။ သူကတော့ စောနက ပြောခဲ့တဲ့ကျောင်းသားလေး ဘော့ဂ်ပါ။ သူအခုလို လူနာတစ်ယောက်ဖြစ်ပြီးဆေးရုံတက်ခဲ့ရတာ အကြောင်းအရင်းရှိပါတယ်။ အဲ့ဒါကတော့ သူတက်နေတဲ့ကျောင်းမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတစ်ခုကြောင့်ပါ။ သေနတ်သမားတစ်ယောက်ဟာ ကျောင်းထဲကိုအတင်းဝင်ရောက်ပြီး မြင်မြင်သမျှပစ်ခတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=634,q=100/48/485375bace250b1cdf178731a7823ab2e03bce80.jpg
https://s9.kh1.co/__image/w=600,h=450,q=100/d3/d382f92bd95a8395c6c5003e1a4e096d8b3c9bec.jpg

သေနတ်သမားဝင်ရောက်လာတာကိုလည်းတွေ့ရော ဆရာတွေတောင်ထပြီးမပိတ်ရဲတဲ့ အခန်းတံခါးကို ရဲရင့်တဲ့ ဘော့ဂ်ကအတင်းပြေးပိတ်ပြီး အပြင်ကသေနတ်သမားဖွင့်လို့မရအောင် သူ့ခန္ဓာကိုယ်နဲ့ အတင်းကာပြီး တွန်းထားခဲ့ပါတယ်။ အဲ့အချိန်မှာသေနတ်သမားက တံခါးအပြင်ကနေပြီးတော့ သေနတ်နဲ့ အချက်(၂၀)ခန့်ပစ်ခတ်ခဲ့ရာ ကျည်ဆန်ငါးတောင့်ကတော့ ဘော့ဂ်ရဲ့ ကိုယ်ကိုဖောက်ထွက်ခဲ့ပါတယ်။ နောက်ဆုံး ဘော့ဂ်ကြောင့် အတန်းဖော်တွေ အန္တရာယ်ကင်းခဲ့ကြရပါတယ်။ ဘောဂ့်ကတော့အရေးပေါ်ရောက်ခဲ့ရပြီး ကံကောင်းစွာနဲ့အသက်ရှင်ခွင့်ရခဲ့ပါတယ်။ ကျည်ဆန်တွေကတော့ ခြေထောက်နှစ်ထောက်နှစ်ဖက်နဲ့ ပေါင်အရိုးထဲထိစိုက်ဝင်ကာ နောက်ထပ်ကျည်ဆန်တွေကတော့ ကျောပြင်အနှံ့ ဖောက်ဝင်ခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=600,h=749,q=100/62/6253f62538193f7960aef80bb9d01f947cd90a1a.jpg

သတင်း အရင်းအမြစ်USA TODAY

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T