ပျားအကောင်ရေ ၃သိန်း ၃သောင်း ၁ထောင်ကို ခန္ဓာကိုယ်ပေါ် ဖုံးအုပ်စေနိုင်ခဲ့တဲ့ လူသား

//s9.kh1.co/91/9150c22173542a1305715e1bab89ce312004cb76.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပျားပြီးသူတစ်ယောက်အဖြစ် စံချိန်ချိုးခဲ့တဲ့ သူအကြောင်းပဲဖြစ်ပါတယ်။ သူကတော့ ပျားမွေးမြူရေးလုပ်ကိုင်ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့မှာ နေထိုင်သူဖြစ်တဲ့ ရှီပင်းဆိုသူပဲဖြစ်ပါတယ်။ သူဟာ သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပျားတွေကို ဖုံးအုပ်ပြီး ကမ္ဘာ့စံချိန်ကို ချိုးဖောက်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/79/796bb62675e33ee62fcfe4398e807150e2b45a37.jpg
https://s9.kh1.co/__image/w=600,h=400,q=100/7a/7a86c0a9250d6cceb2c5d0716935b4bdf97df8b0.jpg

ကမ္ဘာ့စံချိန်ကိုချိုးဖောက်နိုင်ရန်အတွက် သူ့ကိုယ်ပေါ်မှာ အလေးချိန် ကီလိုဂရမ် ၃၃.၁ ရှိတဲ့ ပျားတွေကို တစ်ကိုယ်လုံး အနှံ့ဖုံးအုပ်ပြခဲ့ပါတယ်။ ပျားကောင်ရေကတော့ ပျမ်းမျှခြေ ၃သိန်း၃သောင်း၁ထောင်ရှိတယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးရေ တကယ့်ကို ကြက်သီးထစရာ လူသားပါပဲ။

https://s9.kh1.co/__image/w=600,h=833,q=100/34/34f6b0ba3b153b3469ba2768a92a914d9aa70810.jpg
https://s9.kh1.co/__image/w=600,h=877,q=100/9d/9da7bf083b83640ed8f5c35726139e348f1ed861.jpg

ရှီပင်းဟာဆိုရင် အရင်၂၀၀၈ခုနှစ်က ပျားပြီသူအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ဖူးတဲ့ ရုအန်းလိုင်မင်း ဆိုသူရဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ ရုအန်းလိုင်မင်းရဲ့ ကိုယ်ပေါ်အနှံ့မှာ ဖုံးအုပ်လွှမ်းခြုံထားတဲ့ ပျားအလေးချိန်ဟာဆိုရင်တော့ ၂၆.၈ ကီလိုဂရမ်ပဲဖြစ်ပါတယ်။ တကယ့်ကို အံ့ဖွယ် ထူးခြားတဲ့လူတွေလို့ပြောရင် မှားမယ်မထင်ပါဘူး။

https://s9.kh1.co/__image/w=600,h=300,q=100/ff/ff609d79c017bdd018b8024bc88651e60ec87eeb.jpg
https://s9.kh1.co/__image/w=600,h=399,q=100/7d/7d95d4ec2fe872ed2a153524d667a732c88dc8d5.jpg
https://s9.kh1.co/__image/w=600,h=400,q=100/bf/bff903460854b44775df8a35ab936ec7c16e3eac.jpg

သတင်း အရင်းအမြစ်Guinness world records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T