ရှုခင်းလှပပေမယ့် မထင်မှတ်လောက်အောင် အသက်ပါ နှုတ်ယူနိုင်တဲ့ သဲကန္တာရ

//s9.kh1.co/ea/ea9c0f0feb4fcd99fde9290207af6e5d080bfe8b.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အရှေ့အာဖရိကတိုက်မှာ တည်ရှိတဲ့ သဲကန္တာရအကြောင်းပဲ ဖြစ်ပါတယ်။ အာဖရိကတိုက်မှာ သဲကန္တာရတွေ များစွာရှိတာမှန်ပေမယ့်လည်း ဒီသဲကန္တာရကတော့ အတော်လေးကို ထူးဆန်းတယ်လို့ ပြောလို့ရပါတယ်။ သဲကန္တာရရဲ့ အမည်ကတော့ Danakil desert ဖြစ်ပြီး တခြား သဲကန္တာရတွေနဲ့ လုံးဝကိုမတူပါဘူး ။

https://s9.kh1.co/__image/w=600,h=413,q=100/c5/c56f874a6dc1b6863245b73f0fd8deae77769227.jpg
https://s9.kh1.co/__image/w=600,h=454,q=100/8f/8f3fd94d325b9fee3745ef3f5bb36baddb02fecf.jpg

ပုံမှန်ကြည့်လိုက်ရင် အတော်လေးကို လှပပြီး မျက်လုံးအမြင်ထဲမှာ ကြည့်ရတာ ထူးဆန်းတယ်လို့ ထင်ရပေမယ့်လည်း တကယ်တော့ အလွန်အင်မတန်မှ အန္တရာယ်ကြီးလှတဲ့ သေမင်းတမန်ထောင်ချောက်လို့တောင် ပြောလို့ရပါတယ်။ အကြောင်းကတော့ အဲ့နေရာမှာရှိတဲ့ မီးတောင်တွေနဲ့ ချော်ရည်တွေကနေ ထွက်ရှိလာတဲ့ အခိုးအငွေ့တွေဟာ လူကို သေစေနိုင်ပြီး ဒီလေထုဟာ အနီးတဝိုက်မှာ ပျံ့နှံ့လို့နေပါတယ်။ ဒါ့ကြောင့် ရှုခင်းလေးလှတယ်ဆိုပီး အနားသွားကြည့်လို့ကတော့ အဆိပ်ငွေ့တွေရှုမိပြီး အသက်ဆုံးရှုံးသွားမှာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=402,q=100/49/490d687fec0ba1542f162b7efd5c06a5e5515887.jpg
https://s9.kh1.co/__image/w=600,h=450,q=100/66/66d1e642723dce987dd1bc55e77778f519de5511.jpg

ဒါ့ကြောင့် ဒီသဲကန္တာရအနားသွားမယ်ဆိုရင် ဓာတ်ငွေ့ကာ မျက်နှာဖုံးဝတ်မှ အဆင်ပြေနိုင်မှာပဲ ဖြစ်ပါတယ်။ တချို့သော သူတွေရဲ့စကားအရ လေယာဉ်တွေတောင် ဒီနေရာရောက်ရင် ပျက်ကျကုန်ကြတယ်လို့ ပြောကြပါတယ်။ သာမန်အခြေအနေမျိုးမှာတောင် ဒီသဲကန္တာရရဲ့ အပူချိန်ဟာ 50 ံC ရှိပြီး သေမင်းတမန် နေရာလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

https://s9.kh1.co/__image/w=600,h=398,q=100/53/5348f4245bc0ffb37867be948cd0c9cb5f12e7b9.jpg
https://s9.kh1.co/__image/w=600,h=280,q=100/f7/f74d4357a7341573865c35c5be1050a1eed9c2a3.jpg

သတင်း အရင်းအမြစ်Orange Smile

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T