လူကြိုက်အများဆုံး အစားအစာတွေထဲက တစ်ခုဖြစ်တဲ့ ချောကလက်ရဲ့ သမိုင်းအကြောင်း

//s9.kh1.co/17/1760232f6806b20a9aa2c4509c8b966e6914e579.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လူကြီးလူငယ်မရွေး ချောကလက်ကိုကြိုက်နှစ်သက်ကြမှာပါ။ သူ့ရဲ့ထူးကဲတဲ့အရသာကြောင့် ချောကလက်ကိုမကြိုက်တဲ့သူရှားပါတယ်။ ဒါကြောင့် ချောကလက်ရဲ့သမိုင်းကြောင်းနဲ့ ချောကလက်ဖြစ်ပေါ်လာပုံတို့ကို ဖော်ပြလိုက်ပါတယ်နော်။ ချောကလက်ရဲ့ သိပ္ပံအမည်ကတော့ “The Theobroma ကိုကိုးပင် ” လို့ခေါ်ပါတယ်။ Theobroma ဆိုတာ ဂရိဘာသာစကားအရ “အစားအစာတို့ရဲ့ နတ်ဘုရား “လို့အဓိပ္ပါယ်ရပါတယ်။ ဒီအပင်ကို တောင်အမေရိကတိုက် အမေဇုန်ဒေမှာစတင်တွေ့ရှိခဲ့တာပါ။ ကိုကိုးအပင်ကနေသီးလာတဲ့ လလက်တစ်ဝါးစာ အသီးအတာင့်လေးတွေထဲမှာ ကိုကိုးအစေ့လေးတွေပါဝင်ပီး ထိုအစေ့လေးတွေဟာချောကလက်ကိုထုတ်လုပ်ဖို့အတွက်အဓိကကုန်ကြမ်းပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=413,q=100/2f/2f4607f8a86cf5804e0d45510b8a703d40be79d0.jpg
https://s9.kh1.co/__image/w=600,h=343,q=100/d5/d560a36a10a39f90b31f3796ade6c36fdc6fd854.jpg

ကိုကိုးအစေ့လေးတွေကို 1000 B.C မှာအစောဆုံးအသုံးပြုခဲ့ကြပီး၊ အဲ့ဒီနောက်ပိုင်းမှာ Mayan လူမျိုးနဲ့ Aztec လူမျိုးတွေဟာ အရသာရှိစေရန်အတွက် ငရုတ်ကောင်းမှုန့်အပြင် အခြားသောအမွှေးအကြိုင်များနှင့်ရောနှောကာဖျော်ရည်အဖြစ်သောက်သုံးခဲ့ကြပါတယ်။ ယခုလိုရောနှောထားတဲ့ ချောကလက်တစ်ခွက်ကိုသောက်သုံးခြင်းဟာ Mayanလူမျိုးတွေရဲ့ လက်ထပ်မင်္ဂလာအခမ်းအနားတွေထဲမှာအရေးပါတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ခဲ့ပါတယ်။ Aztec လူမျိုးတွေကတော့ချောကလက်ကိုစားသုံးခြင်းဖြင့် ဖျားနာတာတွေ၊ဝမ်းလျောတာတွေကိုပျောက်ကင်းသက်သာစေတယ်လို့ယုံကြည်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/80/809adcc39c5845814edb0015a58e9ac93d5a9cdf.jpg
https://s9.kh1.co/__image/w=600,h=337,q=100/ea/ea4d73dc6737baf357f0a6904b9ac81388299f47.jpg

၁၅၀၀ခုနှစ်အစောပိုင်းနှစ်များမှာတော့ နယ်မြေသစ်ရှာဖွေသူ စပိန်နိုင်ငံသား ကိုလံဘတ်ဟာ သူ့ရဲ့လေးကြိမ်မြောက်ရေကြောင်းခရီးရှည်အဖြစ် Atlantic သမုဒ္ဒရာကိုဖြတ်ကျော်ခဲ့ပီး ဟွန်ဒူးရပ်စ် ကမ်းခြေကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီကိုရောက်ရှိပီးနောက် သူဟာ ကိုကိုးအစေ့တွေရဲ့အသုံးဝင်ပုံကို ပထမဦးဆုံးအကြိမ်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၁၆ရာစုအရောက်မှာ နယ်မြေသစ်ရှာဖွေသူတစ်ဦးဖြစ်တဲ့ စပိန်နိုင်ငံသား ဟာနန်ဒို ကော့တက်ဇ်ဆိုသူဟာ စပိန်နိုင်ငံကို ချောကလက်တွေယူဆောင်သွားခဲ့ပါတယ်။ စပိန်လူမျိုးတွေဟာ ချောကလက်အရသာကို ချိုမြိန်စေရန်အတွက် သကြားအပြင်သစ်ခွအရည်တို့ဖြင့်ပေါင်းစပ်ကာဖန်တီးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=330,q=100/cc/cc1dc58ee544885836b36985d9e4ef0686bf63dd.jpg

အဆိုပါနည်းပညာဟာ ၁၇ရာစုအစမှာပြင်သစ်နိုင်ငံသို့ပြန့်နှံ့သွားပီး ထိုမှတဆင့် ဥရောပတိုက်နှင့် အမေရိကတိုက်များထိ ရောက်ရှိသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ချောကလက်ကို လူကြိုက်ပိုများလာတဲ့အတွက် အာဖရိကတိုက်တွင် ကိုကိုးပင်များကိုစိုက်ပျိုးရန် ကျွန်အလုပ်သမားမျာကိုဝယ်ယူပီး ခိုင်းစေခဲ့ပါတယ်။ ယခုအချိန်မှာတော့ ကမ္ဘာ့လုံးဆိုင်ရာ ကိုကိုးစေ့ထုတ်လုပ်မှုနှုန်းရဲ့၁၇ရာခိုင်နှုန်းဟာ အာဖရိကတိုက်မှထွက်ရှိနေတာဖြစ်ပီး နိုင်ငံအများအပြားသို့တင်သွင်းနေတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/5e/5eb2da7f4b665b7938eebf741f26f859c011e039.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T