ဂျပန်နိုင်ငံမှ အသက် (၈၂) နှစ် အရွယ်အဘွားအို မာဆာကိုဝါကာ မီယာသည် စမတ်ဖုန်းများတွင် အသုံးပြုနိုင်သည့် အက်ပလီကေးရှင်း တစ်ခုကို အောင်မြင်စွာဖန်တီးနိုင် ခဲ့ပါတယ်။ ဝါကာမီယာဟာ အသက် (၆၀) အရွယ်ရောက်ခါမှ ကွန်ပျူတာ စသုံးခဲ့သော်လည်း ယခုအခါ ကမ္ဘာ့ အသက်အကြီးဆုံး ကွန်ပျူတာ ပရိုဂရမ်မာများထဲတွင် တစ်ဦးအပါအဝင်ဖြစ်လာခဲ့ပြီး ကွန်ပျူတာနည်းပညာတွင် အသက်အရွယ်ဟာ အဟန့်အတားမဟုတ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်ပါတယ်။
"အရွယ်တင်စေတဲ့ ဆေးဝါး တွေ၊ ကုထုံးတွေနောက်ကိုလိုက် နေတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ နေဝင်တာကို ဘယ်သူက တားဆီးလို့ရမှာလဲ" ဟု အဘွားအို ဝါကာမီယာက ပြောပါတယ်။ ဒါ့အပြင်ဘ၀တွင် အရေးကြီးသည်မှာ စူးစမ်းလေ့လာသွားရန်သာ ဖြစ်တယ်လို့ ပြောခဲ့ပါေသးတယ်။ ဝါကာမီယာသည် အသက် (၁၈) နှစ်အရွယ် ၁၉၅၄ ခုနှစ်တွင် အထက်တန်းအောင်ကာ ဘဏ်တစ်ခုမှာ စာရေးမအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ထိုစဉ်က ကိန်းဂဏန်းများတွက်ချက်ရာတွင် ပေသီး ကို အသုံးပြုခဲ့ရကာ အသက် (၆၀) အငြိမ်းစားယူသည်အထိ ထိုဘဏ်မှာပင် လုပ်ကိုင်ခဲ့ပါတယ်။
ဝါကာမီယာဖန်တီးတဲ့ iPhone Application သည် မှတ်ဉာဏ်သုံးကာကစားရတဲ့ Hina dan ဟု အမည်ရသော ဂိမ်းတစ်ခု ဖြစ်ပြီး သက်ကြီးရွယ်အိုများ ဆော့ကစားရန် ရည်ရွယ်ဖန်တီး ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ထိုဂိမ်းကို ဝင်ရောက်ကြည့်ရှုသူ တစ်သန်းနီးပါး ရှိပြီး ဒေါင်းလုတ်ဆွဲသူ ၅၃၀၀၀ ရှိခဲ့ပါတယ်။ဝါကာယာမီယာသည် ကုလသမဂ္ဂညီလာခံတစ်ခုသို့ တက်ရောက်ကာ သက်ကြီးရွယ်အိုများအပေါ် ဒစ်ဂျစ်တယ်နည်းပညာရဲ့ ကောင်းကျိုးများအကြောင်း ဟောပြောခဲ့ကာ ယခင်နှစ်တုန်းက Apple ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲဖန်တီးသူများညီလာခံကိုလည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Cracked