ကယားပြည်နယ် ဖရူဆိုမြို့က ပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာ အသက်လုပြီးပြေးနေရတဲ့ ပြည်သူတွေရဲ့ ကြေကွဲဖွယ်ပုံရိပ်

//s9.kh1.co/06/062690a0492f1258ed9592a00001649008452b6d.png
နေ့စဉ်သတင်းများ

 ၁၃-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

အမြဲတမ်းစစ်ဘေးရှောင်ဘဝနဲ့ ထိတ်လန့်ကြောက်ရွံ့နေရတဲ့ တိုင်းရင်းသားတွေဟာ နှစ်ပေါင်းများစွာ ကြာလာတဲ့အထိတိုင်အောင် မအေးချမ်းနိုင်ကြသေးပါဘူး။ လက်ရှိ တစ်နိုင်ငံလုံးဖြစ်နေတဲ့ အခြေအနေဆိုးတွေကြားမှာ ယခင်ကတည်းကမအေးချမ်းခဲ့တဲ့ ပြည်နယ်တွေဟာ ပိုပြီးအခြေအနေ ဆိုးလာခဲ့ပါတယ်။ ဒီနေ့မှာတော့ ကယားပြည်နယ် ဖရူဆိုမြို့က ပြည်သူတွေဟာ ပြင်းထန်တဲ့စစ်ပွဲတွေ ကြားမှာ လက်နှက်ကြီးလက်နှက်ငယ်တွေရဲ့ ရန်ကနေ ဝေးရာကို ထပ်မံပြေးနေခဲ့ရပြန်ပါပြီ။

Photo Credit - Free Burma Ranger-Karenni's FB Acc
Photo Credit - Free Burma Ranger-Karenni's FB Acc

ပြည်မကြီးကပြည်သူတွေဟာ အာဏာသိမ်းမှုစတင်ဖြစ်ပွားချိန်မှသာ ဒီလိုဒုက္ခတွေကို စတင်သိရှိ ခံစားခဲ့ရပေမယ့် တိုင်းရင်းသားတွေဟာ နှစ်ပေါင်း (၆၀) ကျော်ကြာခံစားခဲ့ရတာပါ။ တစ်ဘဝလုံးကို စစ်ဘေးရှောင်အဖြစ်နဲ့နေလာခဲ့ပြီး အသက်သေဆုံးသွားခဲ့ရသူတွေလည်း မနည်းပါဘူး။ ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိခဲ့ရဘဲ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ပဲ အသားကျခဲ့ရတာများတဲ့ တိုင်းရင်းသားတွေရဲ့ဘဝဟာ သနားစရာကောင်းလွန်းပါတယ်။ ဒီလိုအဖြစ်တွေမရှိတော့ဖို့ဆိုရင် အာဏာရှင်တွေကို အမြစ်ပြတ် တော်လှန်မှရပါလိမ့်မယ်။

Photo Credit - Free Burma Ranger-Karenni's FB Acc
Photo Credit - Free Burma Ranger-Karenni's FB Acc
Photo Credit - Free Burma Ranger-Karenni's FB Acc
Photo Credit - Free Burma Ranger-Karenni's FB Acc

ပြည်သူတွေဟာလည်း စစ်ဘေးရှောင်ပြည်သူတွေအဆင်ပြေစေဖို့ရည်ရွယ်ပြီး လှူဒါန်းမှုတွေ မကြာခဏဆိုသလိုလုပ်ပေးကြသလို ပရဟိတသမားတွေဟာလည်း ခက်ခဲတဲ့လမ်းကြောင်းတွေကို ကျော်ဖြတ်ပြီး စစ်ဘေးရှောင်ပြည်သူတွေဆီ ရိက္ခာတွေ အမြဲလိုလို ကြိုးစားပြီးပို့ပေးနေခဲ့ပါတယ်။ တောင်ပေါ်မြေပြန့်ရဲ့စည်းလုံးမှုဟာ ကြောက်ခမန်းလိလိကို တိုးတက်လာခဲ့တာ ဝမ်းသာစရာပါပဲ။ စစ်ပွဲတွေအားလုံး အမြန်ဆုံးအဆုံးသတ်သွားဖို့ ဆုတောင်းပါတယ်။

Photo Credit - Free Burma Ranger-Karenni's FB Acc
Photo Credit - Free Burma Ranger-Karenni's FB Acc

သတင်း အရင်းအမြစ်Free Burma Ranger-Karenni's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T