လင်နှင့်မယားဆိုတာ တကယ်တော့ နားလည်မှု အတော်ကို ပေးရတာပါ။ ကတောက်ကစ မဖြစ်ဘူးတဲ့ အိမ်ထောင်ရေးမရှိသလို အမြဲတမ်း စိတ်ချမ်းသာနေရတဲ့ အိမ်ထောင်ရေးလည်းမရှိပါဘူး။ ဒီလိုဘဲ သည်းခံပြီးပေါင်းကြရတာပါဘဲ။ သူမရဲ့ ပရိသတ်တွေကို ၉ လပိုင်း လကုန်ကတည်းက သူမယောက်ျားနှင့် တရားဝင်ကွာရှင်းပြတ်ဆဲပြီးပြီ ဟု အသိပေးလိုက်တဲ့ ဝိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့်ကြူတို့ကတော့ ဒီသက်သေတွေကြည့်ခြင်းအားဖြင့် တစ်ယောက်နှင့် တစ်ယောက်သံယောဇဉ်မပြတ်သေးတာကိုတွေ့ရပါတယ်....

၂၀၁၄ ချစ်သူများနေ့မှာ မင်္ဂလာဆောင်ခဲ့ပြီး ၃ နှစ်နီးပါး ဖြစ်သန်းလာတဲ့ အိမ်ထောင်ရေးဟာ ပျော်ရွှင်စရာတွေရှိသလို ဝမ်းနည်းစရာတွေလည်းရှိခဲ့မှာပါ။ ၂၂ရက်နေ့ က မြန်မာ့အလင်းသတင်းစာမှာ ကွာရှင်းပြတ်ဆဲပြီးကြောင်းကြေငြာလိုက်တဲ့ ဝိုင်းစုခိုင်သိန်းတို့ဟာ ပြတ်ဆဲထားတဲ့နေ့ကိုကြည့်လျှင် ကောလဟာလတွေ မထွက်ကတည်းက လက်မှတ်ထိုးထားတာကိုတွေ့တဲ့ အတွက်ကြောင့် ထိုကောလဟာလ ကြောင့် ကွာရှင်းရတယ်ဆိုတာမဖြစ်နိုင်တော့ပါဘူး။

ဝိုင်းစုခိုင်သိန်းရဲ့ ယောက်ျား ကိုဥက္ကာ ကလည်း ဝိုင်းစုခိုင်သိန်း အခွေထွက်မယ့် ရက်ကို ဖော်ပြထားတဲ့ ပို့စ်ကို ကွာရှင်းပြတ်ဆဲပြီးတဲ့ အချိန်မှာတောင် ရှဲထားပြီး သူ့ရဲ့ ဇနီးဟောင်းကို ပံ့ပိုးထောက်ခံနေဆဲဆိုတာကိုတွေ့ရပါတယ်။ ဝိုင်းစုခိုင်သိန်းဘက်မှာလည်း သူမနှင့် သူမယောက်ျားဟောင်းတို့ရဲ့ အမှတ်တရတွေကို သိမ်းဆဲထားဆဲဖြစ်ပြီး သူမရတို့နှစ်ယောက်ပျော်ရွှင်ကြည်နူးနေတဲ့ပုံကို cover photo ထားထားတာကိုတွေ့ရပါတယ်။

single အနေနှင့်ပြောင်းလဲသွားတဲ့သူတို့နှစ်ယောက်ဟာဂနှစ်ယောက်စလုံး အတူတူရှိခဲ့တဲ့ အမှတ်တရတွေကိုတန်ဖိုးထားဆဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ ယခုအချိန်ထိလည်း ဖေ့ဘွတ်မှာ သူငယ်ချင်း အနေနှင့် ဆက်လက်တည်ရှိနေတာကိုတွေ့ရတဲ့အတွက် မကောင်းသော ဇာတ်လမ်းနှင့် အဆုံးသတ်ခဲ့တာ မဟုတ်ဘဲ တကယ့်ကို စိတ်သဘောထား မတိုက်ဆိုင်လို့ ကွာရှင်းလိုက်တာဖြစ်နိုင်ပါတယ်။

သုံးနှစ်နီးပါးရှိခဲ့တဲ့ သံယောဇဉ်ဆိုတာဖြတ်တောက်ဖို့ ဆိုတာ တကယ့်ကို မလွယ်တဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ တကယ်ချစ်လို့ယူထားတဲ့ အိမ်ထောင်တစ်ခုဟာ လွယ်လွယ်နှင့် မပြတ်နိုင်သလို အနုပညာရှင်တစ်ယောက် အနေနှင့် အတိအလင်း လက်ထပ်ပြီး အတိအလင်း ကွာရှင်းဖို့ဆိုတာ တကယ်တော့ အလွန်ကို ခတ်ခဲပါတယ်။

သူတို့နှစ်ယောက် နောက်ဆုံးအနေနှင့် ခတ်ခတ်ခဲခဲချခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သူတို့နှစ်ယောက်အတွက် မှန်ကန်ပါစေလို့ဆုတောင်းရင်း ဝိုင်းစုနှင့် ကို ဥက္ကာတို့ရဲ့ ကုန်လွန်ခဲ့ပြီးသောအမှတ်တရတွေကိုဖော်ပြလိုက်ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။