K Dramaတွေဟာ အပတ်တိုင်းမရိုးရတဲ့ဇာတ်လမ်းသစ်တွေနဲ့အတူ အမြဲမပြတ်ပရိသတ်တွေနဲ့ ထိစပ်နေတဲ့အရာတွေပဲဖြစ်ပါတယ်။ တောက်လျှောက်ထွက်ရှိလာနေတဲ့ ဒရမ်မာအသစ်တွေအကုန်လုံးကို အမီလိုက်ကြည့်ဖို့ရန်ကို အင်မတန်ခက်ခဲလှပါတယ်။ အခုလို အသစ်တွေ ထွက်ရှိနေပေမယ့်လည်း ဘယ်ချိန်ကြည့်ကြည့် မရိုးသွားနိုင်တဲ့ ဇာတ်ကားအဟောင်း (၅)ကားကို မိတ်ဆက်ပေးချင်ပါတယ်။
1. "You're Beautiful"
မြန်မာပရိသတ်တွေအနေနဲ့ အိန်ဂျယ်ချစ်သူလို့လူသိများတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ယောကျာ်းလေးယောင်ဆောင်ထားတဲ့ ဂိုမီနမ်နဲ့ ဟန်ထယ်ကျွမ်းတို့ရဲ့ စိတ်လှုပ်ရှားစရာအချစ်ဇာတ်ကားလေးဖြစ်ပြီး ပရိသတ်တွေရင်ထဲစွဲကျန်နေခဲ့တဲ့ ဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။
2. "Boys Over Flowers"
F4ချစ်သူလို့ လူသိများခဲ့တဲ့ ဒီဒရမ်မာကားလေးကတော့ ပရိသတ်တွေနဲ့ တကူးတကမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော်။ ဂင်ဂျန်ဒီနဲ့ ဂူဂျွန်ဖြိုးတို့ရဲ့ စိတ်လှုပ်ရှားစရာ၊ပျော်စရာ၊ ၀မ်းနည်းစရာ ရသမျိုးစုံကိုပေးနိုင်တဲ့အချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
3. "Coffee Prince"
ကော်ဖီချစ်သူ လို့ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဒီဒရမ်မာလေးဟာလည်း ပရိသတ်တွေရင်ထဲစွဲကျန်နေတဲ့ ကားကောင်းလေးတစ်ကားပါ။ မြန်မာပရိသတ်တွေအနေနဲ့ Gong Yooကို စတင်သိခဲ့ကြတဲ့ ဇာတ်ကားလေးလို့ ဆိုရရင်လည်းမှားမယ်မထင်ပါဘူး။
4. "Full House"
ချစ်စံအိမ်လို့ လူသိများခဲ့တဲ့ဒီဇာတ်ကားလေးကတော့ အချစ်ဇာတ်မြူးကားလေးဖြစ်ပြီး မင်းသားချော Rainနဲ့ Song Hye Kyoတို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ဒရမ်မာလေးပဲဖြစ်ပါတယ်။
5. "Winter Sonata"
ဒီဒရမ်မာလေးကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားလည်းဖြစ်သလို တော်တော်လေးကြာနေပြီဖြစ်တဲ့ ဇာတ်ကားကောင်းလေးပါ။ ခန့်မှန်းလို့မရနိုင်တဲ့ မြှပ်ကွက်တွေအပြင် အံ့ဩဖွယ်ကောင်းတဲ့ ခံစားချက်မျိုးစုံကိုပေးနိုင်တဲ့ အချစ်ဒရမ်မာကားလေးပါ။
သတင်း အရင်းအမြစ်៖ Twitter