Soloသီချင်းနဲ့ YouTube viewers 700Mအထိရရှိခဲ့တဲ့ ကိုရီးယားရဲ့ပထမဆုံးတစ်ကိုယ်တော်အမျိုးသမီး artistဖြစ်လာတဲ့ Jennie

//s9.kh1.co/0d/0d220e0576832e0b5f8c4535c13016cc64dab1f5.jpg
ဖျော်ဖြေရေးများ

 ၀၉-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

Soloသီချင်းနဲ့ Debutခဲ့တဲ့ Jennieရဲ့ တစ်ကိုယ်တော်ပွဲဦးထွက်မှုဟာ အခုအချိန်ထိပရိသတ်တွေရဲ့ အားပေးမှုကိုဆက်လက်ရရှိနေဆဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

ဩဂုတ်လ ၉ရက်နေ့ YG ENTERTAINMENTရဲ့ ထုတ်ပြန်ချက်အရ Jennieရဲ့ တစ်ကိုယ်တော်ပွဲဦးထွက်သီချင်းဖြစ်တဲ့ SOLOဟာ ညနေ ၃နာရီ ၅၀မိနစ်၌ You Tube views ၇၀၀မီလီယံကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို You Tube views ၇၀၀မီလီယံကျော်ရရှိခဲ့ခြင်းဟာ အံ့အားသင့်စရာကောင်းလှပြီး Jennieဟာ YouTube views 700Mထိပိုင်ဆိုင်ခဲ့တဲ့ ကိုရီးယားရဲ့ ပထမဆုံးအမျိုးသမီး artistတစ်ယောက်ပဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

၎င်း music videoဟာ၂၃ ရက်အတွင်းကြည့်ရှုသူသန်း ၁၀၀ ကျော်၊ ရက် ၉၀ အတွင်းကြည့်ရှုမှုသန်း ၂၀၀၊ ၁၈၂ ရက်အတွင်းကြည့်ရှုမှု ၃၀၀ သန်း၊ ၁၃ လအတွင်းကြည့်ရှုမှု ၄၀၀ သန်း၊ လ ၂၀ အတွင်းကြည့်ရှုမှု ၅၀၀ သန်းနှင့် ၂၆ လအတွင်းကြည့်ရှုသူသန်း ၆၀၀ထိရရှိခဲ့တာဖြစ်ပါတယ်။ အခုလို သန်း ၆၀၀ကနေ ၇၀၀ထိရောက်ရှိဖို့အတွက် အချိန်တစ်လခန့်သာကြာမြင့်နိုင်တယ်လို့လည်း ပရိသတ်တွေကခန့်မှန်းထားကြပါတယ်။ Congratulationsပါ Jennieရေ။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T