ပလတ်စတစ်ဆာဂျရီမလုပ်ထားပဲ နဂိုအတိုင်းချောမောလှပကြတဲ့ တောင်ကိုရီးယားမင်းသမီးချော (၅)ဦး

//s9.kh1.co/c5/c5b8179d6414e7be7910004a0b1004dc197c3dd9.jpg
ဖျော်ဖြေရေးများ

 ၀၆-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

တောင်ကိုရီးယား industryမှာ ရုပ်ရည်ချောမောမှုဟာ အတော်လေးကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အနုပညာရှင်အတော်များများကလည်း ချောမောကြတဲ့ မျက်နှာလေးတွေကိုပိုင်ဆိုင်ထားကြပြီး ပလတ်စတစ်ဆာဂျရီပြုလုပ်ကာ ပြုပြင်ကြတဲ့သူတွေလည်း အများအပြားရှိကြပါတယ်။ ၎င်းတို့ထဲမှာမှ ပြုပြင်စရာမလိုပဲ နဂိုအတိုင်းချောမောကြတဲ့ မင်းသမီး ၅ဦးကို ဖော်ပြပေးချင်ပါတယ်။

Photo credit-Google
Photo credit-Google

No.1 Song Hye Kyo

အွန်စောလို့လူသိများကြတဲ့ Song Hye Kyoကတော့ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နာမည်ကျော်မင်းသမီးတစ်ဦးပါ။ သူမဟာ Worldwideအထိ ထိုးဖောက်နိုင်တဲ့ ကိုရီးယားမင်းသမီးချောတစ်ယောက်ဖြစ်ပြီး သဘာ၀ဆန်တဲ့ချစ်စရာမျက်နှာလေးအပြင် ကြည်လင်၀င်းပတဲ့ အသားအရည်လေးကိုပါ ပိုင်ဆိုင်ထားတဲ့သူလေးပါ။

Photo credit-Google
Photo credit-Google

No.2 Yoona

Girls' Generationအဖွဲ့၀င် တစ်ဦးဖြစ်တဲ့ Yoonaဟာလည်း သူမရဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ အသံလေးကြောင့် လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမဟာ Idolတစ်ယောက်အနေနဲ့သာမက မင်းသမီးတစ်ယောက်အနေနဲ့ပါ အောင်မြင်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.3 IU

IU ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး solo artist တစ်ယောက်လည်းဖြစ်သလို မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ IUရဲ့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့် Idolအချင်းချင်းကကို crushအနေနဲ့ သတ်မှတ်ခံရတဲ့သူလေးပါ။

Photo credit-Google
Photo credit-Google

No. 4 Suzy

MissA အဖွဲ့‌၀င်ဟောင်းတစ်ဦးဖြစ်တဲ့ Suzyဟာလည်း သူမရဲ့သဘာ၀ဆန်တဲ့အလှတရားကြောင့် အတော်လေး နာမည်ကြီးတဲ့သူတစ်ဦးပါ။ သူမဟာ အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့ပေမယ့် အခုအခါမှာတော့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေပြီဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.5 Jeon Yeo-been

After My Deathဆိုတဲ့ ဒရမ်မာနဲ့အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီး Jeon Yeo-been ကလည်း ပြုပြင်ထားခြင်းမရှိတဲ့အလှတရားကို ပိုင်ဆိုင်ထားသူပါ။ သူမဟာ Vicenzo ဒရမ်မာမှာလည်း မင်းသားချော Song Jong Kiနဲ့အတူ အတွဲညီညီနဲ့သရုပ်ဆောင်ထားပြီး အောင်မြင်မှုတွေရရှိထားတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Google

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T