ဖခင်ဖြစ်သူက သမီး ၂ ဦးကို ဓားဖြင့် ခုတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြိုနယ် ကင်ပွန်းခြုံကျေးရွာမှာ အရက်ကြောင်နေတဲ့ ဖခင်ဖြစ်သူက သမီး ၂ ဦးကို ဓားနဲ့ ခုတ်သတ်ပြီး မိမိကိုယ်ကိုအဆုံးစီရင်မှု ဒီကနေ့မနက်က ဖြစ်ပွားခဲ့ပါတယ်။

ကင်မွန်းခြုံကျေးရွာနေ ဦးလှဝင်းဟာ ဒီနေ့မနက် ၅ နာရီအချိန်က အရက်သေစာ သောက်စားမူယစ်ကာ သမီးတွေက ထမင်းမကျွေးဘူးဆိုပြီး မဇင်မာလွင် (၁၈) နှစ်နဲ့ မကြည်နူးထွေး ၄ နှစ်တို့အား ထန်းလှီးဓားနဲ့ လည်ပင်းတွေကို လှီးလို့ သမီးနှစ်ယောက်လုံး သေဆုံးသွားခဲ့ပါတယ်။

သမီးတွေကို သတ်ပြီး မိမိလည်ပင်းကိုလည်း ထပ်မံလှီးဖြတ်ခဲ့ရာ ဦးလှဝင်းဟာ ၅ လက်မလောက် ပြတ်ရှဒဏ်ရာ နဲ့ ကျောက်ပန်းတောင်းဆေးရုံကနေ တဆင့် ညောင်ဦးခရိုင်ဆေးရုံကို လွှဲပြောင်းကုသခဲ့ရတယ်လို့ ကျော်ပန်းတောင်းမြို့မရးခစန်းက ဒုရဲမှူး ထွန်းတင်က ပြောပါတယ်။

“ အဲဒါကတော့ ကျနော်တို့ လူသတ်မှုပုဒ်မ ၃၀၂ နဲ့ အရေးယူထားတာပေါ့။ ဖြစ်တာက မနက် ၅ နာရီမှာဖြစ်တာ။ သူက အရက်ကြောင် ကြောင်နေတာပေါ့။ အခုက သူ့အဖေကိုယ်တိုင်တောင် စကားသိပ်မပြောနိုင်တာ။ ကျနော်လည်း ပတ်ဝန်းကျင်သက်သေ ပြောပြချက်အရသိတာလေ။ တိတိကျကျဘာမှမတင်ရသေးဘူးလေ။ အမှုဖွင့်ထားတာပဲရှိသေးတာ။ ”

အခင်းဖြစ်ပွားချိန်မှာ ကလေးမိခင်က ခရီးလွန်နေတာဖြစ်ပြီး ဖခင်ဦးလှဝင်းကိုယ်တိုင်လည်း အခြေအနေစိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျေးရွာရာအိမ်မှူး ဦးဝင်းထိန်က တရားလိုလုပ်တိုင်တန်းရာ ကျောက်ပန်းတောင်းမြို့ မြို့ရဲစခန်း ဒုရဲမှူးထွန်းတင်က (ပ)၁၂၉/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုစွဲဆိုထားပါတယ်။

Credit - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။