တိမ်းရှောင်နေရတဲ့အခြေအနေတွေမှာတောင် လိုအပ်နေသူတွေအတွက် အာဟာရဒါနတွေ မပြတ်လုပ်ပေးနေတဲ့ ခင်လှိုင်တို့မိသားစု

//s9.kh1.co/a8/a88c0e182cf619b3158a19037727d5c228fafbce.png
အနုပညာရှင်များ

 ၀၄-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာသိမ်းမှုစတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာခင်လှိုင်တို့မိသားစုဟာ လက်ရှိမှာလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီး မိသားစုတွေ တကွဲတပြားဖြစ်နေဆဲပါပဲ။ ဒီလိုတိမ်းရှောင်နေရတဲ့ အကျပ်အတည်းကာလတွေမှာတောင် သူတို့ထက်ပိုပြီးခက်ခဲတဲ့ ပြည်သူတွေရဲ့ဘဝကိုစာနာပြီး မကြာခဏဆိုသလို အာဟာရဒါနတွေလုပ်လေ့ရှိပါတယ်။ ဒီနေ့မှာလည်း အရသာရှိတဲ့ နွားနို့ဆန်ပြုတ် ပူပူလေး ပွဲပေါင်း (၁၃၀) ကို တကယ်လိုအပ်နေတဲ့သူတွေဆီ အရောက်ပို့ကာလှူဒါန်းပေးခဲ့ကြပါတယ်။

Photo Credit - Thzin Htoo Myint's FB Acc

ကိုယ်တိုင်ကိုယ်ကျသွားရောက်မလှူဒါန်းနိုင်တာတောင် ခင်မင်သူတွေကို အကူအညီတောင်းပြီး မရရအောင်လှူဒါန်းပေးတဲ့ သဒ္ဓါစိတ်လေးက တကယ်ကိုလေးစားဖို့ကောင်းပါတယ်။ ဆန်ပြုတ်ခွက်ထဲမှာ ဇွန်းလေးတစ်ချောင်းထည့်ပြီး အဆင်သင့်စားရအောင်စဉ်းစားပေးတဲ့ စိတ်လေးကလည်း ချစ်ဖို့ကောင်းလွန်းပါတယ်။ ဒီလိုအလှူလေးကို ပီတိဖြစ်တဲ့အကြောင်း ဦးခင်လှိုင်ရဲ့သမီးဖြစ်သူ သဇင်ထူးမြင့်က " ဒီနေ့ သဲတို့မိသားစုရဲ့နောက်ထပ်အလှူလေးအဖြစ် နွားနို့ဆန်ပြုတ် ပွဲ၁၃၀စာ ထပ်လှူဖြစ်ပါတယ်? အဆင်သင့်သုံးဆောင်နိုင်အောင် မေမေ့စိတ်ကြိုက် Steel ဇွန်းလေးတွေ ထည့်ပေးထားပါတယ် အလှူတိုင်းမေမေ့ရဲ့အိုင်ဒီယာလေး? " ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။

Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc

နောက်ထပ်လည်း သဒ္ဓါကြည်ဖြူသွားမယ့်အကြောင်းကို " ကိုယ်တိုင် ထွက်ပြီး လိုက်လှူချင်​တာ ထွက်လို့ အဆင်မပြေတဲ့တွက် ?ကိုkinaနဲ့မဆုကို အကူညီတောင်းပြီးဂျီကျလိုက်တာ အစစအရာရာ အကုန်အဆင်ပြေအောင် အပင်ပန်းခံပြီး တကယ်ခက်ခဲတဲ့နေရာတွေထိ သွားလှူပေးကြလို့ တဖွဲ့လုံးကို ကျေးဇူးအများကြီးတင်ပါတယ် ? တတ်နိုင်သလောက် ထပ်ပြီးလှူဒါန်းသွားနိုင်အောင်ကြိုးစားပါ့မယ်? " ဆိုပြီး ထပ်ပြောခဲ့ပါသေးတယ်။ အလှူရေစက် လက်နဲ့မကွာ လှူချင်စိတ်ရှိတိုင်း လှူဒါန်းနိုင်သူတွေ ဖြစ်ကြပါစေ။

Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc
Photo Credit - Thzin Htoo Myint's FB Acc

သတင်း အရင်းအမြစ်Thzin Htoo Myint's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T