သူ့ထက် အသက် ၄၀နီးပါးငယ်ရွယ်တဲ့ ချစ်သူမိန်းကလေးကို ကိုယ်၀န်ဖျက်ချရန်စေခိုင်းမှုကြောင့် တရားစွဲခံထားရတဲ့ ဝါရင့်မင်းသားကြီး Kim Yong Gun

//s9.kh1.co/b9/b95936fb32195446d47371fcf3ac1d6969b66f34.jpg
ဖျော်ဖြေရေးများ

 ၀၃-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီး Kim Yong Gunဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို မြန်မာပရိသတ်တွေနဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင်တစ်ဦးပါ။ လက်ရှိမှာတော့ Kim Yong Gunဟာ သူ့ရဲ့ ချစ်သူမိန်းကလေးကို ကိုယ်၀န်ဖျက်ချရန်ခိုင်းစေမှုကြောင့် တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။

Photo credit-Google
Photo credit-Google

ချစ်သူမိန်းကလေးဟာ အသက် ၃၇နှစ်ရှိပြီဖြစ်ပြီး သူနဲ့ ၃၉နှစ်ကျော်အသက်ကွာတယ်လို့သိရပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၈ခုနှစ်တုန်းက ပါတီတစ်ခုမှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဆယ်နှစ်ကြာတိတ်တဆိတ်တွဲနေခဲ့ကြတယ်လို့သိရပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

Dispatchရဲ့ ထုတ်ဖော်ချက်အရ Kim Yong Gunဟာ မတ်လမှာချစ်သူမိန်းကလေး ကိုယ်၀န်ရှိမှုအပေါ် ဖျက်ချရန်စေခိုင်းခဲ့တာကြောင့် မိန်းကလေးဘက်ကနေ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အခုလို တရားစွဲဆိုခံရတဲ့ပြစ်မှုအတွက် ပရိသတ်တွေလည်း အတော်လေး အံ့အားသင့်ခဲ့ရတာပါ။တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ တစ်စုံတစ်ယောက်ရဲ့ဖိအားပေးမှုကြောင့် ကိုယ်၀န်ဖျက်ချခြင်းဟာ တရားမ၀င်တာကြောင့် အခုလိုအမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T