ကိုယ့်ရဲ့လက်ရှိဘဝမှာ ဘယ်လောက်ပဲကောင်းအောင်နေထိုင်နေနေ မထင်မှတ်ထားတဲ့အချိန်လေးမှာ ကြုံတွေ့ခဲ့ရတဲ့ မတော်တဆမှုတွေကနေ ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီလိုပဲ Dallas Weins လို့ခေါ်တဲ့အမျိုးသားတစ်ဦးဟာဆိုရင်လည်း သူ့ရဲ့တစ်ဘဝလုံး ကောင်းမွန်စာနေထိုင်လာပေမယ့် မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး သူ့ရဲ့မျက်နှာတစ်ခုလုံးဟာ ပျက်စီးသွားခဲ့ရပါတယ်။
ဒါ့ကြောင့် Dallas Weins ဟာ သူ့ရဲ့သမီးလေးမျက်နှာကိုတောင် မြင်တွေ့ဖို့ခက်ခဲခဲ့ပြီး သူ့ရဲ့ပျက်စီးသွားတဲ့ မျက်နှာကို ခွဲစိတ်ဖို့ ကြိုးစားခဲ့ပါတယ်။ Dallas Weins ဟာ သူ့ရဲ့မျက်နှာကို ခွဲစိတ်ဖို့အတွက် အသေးစား ခွဲ စိတ်မှုပေါင်း ၂၂ခုကျော်ကို ပြုလုပ်ခဲ့ပြီး မျက်နှာတစ်ခုလုံး ဘာမှမရှိတဲ့ အနေအထားနဲ့ အချိန်အတော်ကြာတဲ့ အထိနေခဲ့ရပါတယ်။ လအတော်အကြာ တဲ့အခါမှာတော့ ဆရာဝန်အယောက် ၃၀ အပါအဝင် အကူသူနာပြုတွေနဲ့ သူ့ရဲ့ မျက်နှာကို ခွဲ စိတ်ကုသဖို့အတွက် ထပ်မံကြိုးစားခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဆရာဝန်တွေရဲ့ ကြိုးစားပမ်းစားခွဲစိတ်မှုကြောင့် အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပြီး ဘ၀ အသစ်တစ်ခုကို ပြန်စဖို့ မျက်နှာအသစ်တစ်ခုကို ရရှိခဲ့ပါတယ်။
ခွဲစိတ်မှုတွေ မပြီးဆုံးခင်အထိ Dallas ဟာ သမီးလေးကို ပွေ့ဖက်ပေးရုံသာတက်နိုင်ခဲ့ပြီး အနမ်းလေးတောင် ပေးခွင့်မရခဲ့ပါဘူး။ ဒါ့အပြင် Dallas ဟာ ရုပ်ဆိုးလွန်းတဲ့ သူ့ရဲ့မျက်နှာကို သမီးလေးမြင်ပြီးလန့်နေမှာကို စိုးရိပ်ခဲ့ပေမယ့်လည်း သမီးလေးကတော့ မကြောက်ရွံ့တဲ့အပြင် Dallas အနားပဲ တစ်ချိန်လုံး အနီးမှာ ရှိနေခဲ့ပေးပါတယ်။ ခွဲစိတ်မှုတွေပြီးသွားတဲ့အချိန်မှာတော့ Dallas ဟာ သူစိတ်ကူးထားတဲ့အတိုင်း သူ့ရဲ့သမီးလေးကို အနမ်းလည်းပေးနိုင်ခဲ့သလို ဘဝအသစ်တစ်ခုကိုစတင်ပြီး မိသားစုနဲ့ ပျော်ရွှင်စွာ အချိန်တွေ ဖြတ်သန်းနိုင်ခဲ့ပါပြီ။
သတင်း အရင်းအမြစ်៖ Daily mail