နေအိမ်ခေါင်မိုးနားအထိ နစ်မြုပ်အောင် ရေကြီးရေလျှံမှုတွေကို ဆိုးဆိုးရွားရွားခံစားနေရတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာတချို့

//s9.kh1.co/07/0734d35165fca3a1af72be2344d45232f0a3f1e7.jpg
နေ့စဉ်သတင်းများ

 ၂၅-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော ကိုဗစ်ရောဂါ ကူးစက်မှုတွေနဲ့ သေဆုံးသူတွေ မြင့်တက်နေတဲ့အချိန် ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေထဲမှာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေအပြင် မြေပြိုကျမှုတွေပါ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာကို ကြားသိနေရပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာတော့ လူပျောက်ဆုံးနေတဲ့အထိ ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung

မွန်ပြည်နယ်အတွင်းမှာတော့ မြစ်ရေတက်မှုကြောင့် လမ်းမပေါ်တွေမှာ ရေလျှံမှုတွေဖြစ်ပေါ်နေပေမယ့် ကရင်ပြည်နယ်အတွင်းက ကြာအင်းဆိပ်ကြီးမြို့နယ်မှာတော့ ရေကြီးရေလျှံမှုတွေကို ဆိုးဆိုးရွားရွား ခံစားနေရှာပါတယ်။ ပြီးခဲ့တဲ့ရက်က အဆက်မပြတ် မိုးရွာသွန်းခဲ့တာကြောင့် ဇမိမြစ်ရေ မြင့်တက်လာခဲ့ပြီး မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ယခုမှာလည်း ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးနေတဲ့ ပြည်သူတစ်ဦးက ရေကြီးမှုအခြေအနေတွေကို ပြသလာခဲ့ပါတယ်။

Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung

လက်ရှိအခြေအနေမှာတော့ ရေကျသွားခြင်းမရှိသေးဘဲ တချို့အနိမ့်ပိုင်းက နေအိမ်တွေရဲ့ အိမ်ခေါင်းမိုးအထိ နစ်မြုပ်နေသေးတာ တွေ့ရပါတယ်။ ကြားသိရတဲ့ သတင်းများအရ ကြာအင်းဆိပ်ကြီးမြို့နယ်က ဇမိမြစ်ရေဟာ စိုးရိမ်ရေမှတ်ဖြစ်တဲ့ (၃၅) ပေ အနီးအထိကိုရောက်ရှိနေပြီး ပြန်ကျသွားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေတယ်လို့ ကြားသိရပါတယ်။ လက်ရှိမှာ ရေနစ်မြုပ်နေတဲ့ ကျေးရွာတချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးနေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ရေကြီးရေလျှံမှုတွေကို ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက်လည်း ဘေးအန္တရယ်ကင်းရှင်းအောင် ဆုတောင်းမေတ္တာတွေ ပို့သပေးလိုက်ပါဦးနော်....။

Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung
Photo Credit - Naing Linn Aung

သတင်း အရင်းအမြစ်Source - Naing Linn Aung

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T