အောက်ဆီဂျင်အခမဲ့ဖြည့်ပေးနေတဲ့အပြင် ထမင်း၊ ဟင်းနဲ့ဆေးဝါးတွေပါ ပေးဝေလှူဒါန်းနေတဲ့ မင်းကွန်းသားလေးအောက်ဆီဂျင်အခမဲ့စင်တာ

//s9.kh1.co/30/309bb14c384f8c3a6cf8b1a05b0e70bd3ec20065.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိကာလကြီးမှာ ပြည်သူတွေကတော့ တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်ဝန်အားတွေနဲ့ အချင်းချင်း အားပေးကူညီ ဖေးမလှူဒါန်းနေကြတာ ဖြစ်ပါတယ်..။

ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင်တွေ အရေးတကြီးလိုအပ်ပြီး ရှားပါးနေတဲ့ ကာလကြီးမှာ လူနာရှင်တွေဟာ အောက်ဆီဂျင်ရဖို့အရေး တနေကုန် တန်းစီကြိုးစားနေကြရတာ ဖြစ်ပါတယ်..။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

အသက်ရှင်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြရတဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားတွေနဲ့ အားတင်းထားရသလို ပရဟိတလူငယ်တွေရဲ့ ကူညီဖေးမမှုတွေကလည်း တကယ်ကိုခွန်အားတစ်ခုအဖြစ် ရှိနေတာ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း မင်းကွန်းသားလေးအောက်ဆီဂျင်အခမဲ့စင်တာက အောက်ဆီဂျင်အခမဲ့ဖြည့်ပေးနေတဲ့အပြင် ထမင်း၊ ဟင်းနဲ့ဆေးဝါးတွေပါ ပေးဝေလှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

မန္တလေးမြို့၊ (၃၆)လမ်း (၆၁)လမ်း၊ စိန်ဂျွန်းလူမှုကူညီရေးအသင်း နှင့်ပူးပေါင်းပြီး မင်းကွန်းသားလေး အောက်စီဂျင်အခမဲ့စင်တာက အောက်စီဂျင်တွေ အခမဲ့ဖြည့်ပေးတဲ့အပြင် နေ့လည်စာထမင်းဟင်း၊ ငှက်သိုက်၊ Royal D ၊ ရေသန့်ဗူးနဲ့ ဆေးဝါးတွေပါ ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

အခုလို အဘက်ဘက်ကနေ ပြည်သူတွေအတွက် အင်အားဖြည့် ဖေးမကူညီနေတာကြောင့်အများပြည်သူကတော့ ဝမ်းသာစွာနဲ့ ချီးကျူးသာဓုခေါ်နေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T