လတ်တလော ကြုံတွေ့နေရတဲ့ အောက်ဆီဂျင်မလုံလောက်မှု ပြဿနာတွေကို အစွမ်းကုန် ကူညီဖြေရှင်းပေးနေတဲ့ ဆရာတော်တစ်ပါး

//s9.kh1.co/42/42614d488fbea4193632039743dafd47554769c1.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

....

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် အောက်ဆီဂျင်မလုံလောက်မှု ပြဿနာတွေကတော့ ခုချိန်အထိ ရင်ဆိုင်နေရဆဲပါ ။ ဒီလိုအခက်အခဲတွေကို ပြည်သူအားလုံးကလည်း မကြည့် ရက်ကြလို့ ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေပြီး ကူညီဖြေရှင်းပေးနေကြပါတယ် ။ လှူဒါန်းသူကလည်း လှူနေကြသလို ငွေအားမတတ်နိုင်သူတွေကလည်း အောက်ဆီဂျင်ဖြည့်တဲ့ နေရာတွေမှာ ကူတန်းစီပေးတာတွေ ၊ ပို့ဆောင်ပေးတာတွေ လုပ်ဆောင်ပေးနေကြတာပါ ။

Photo Credit : Ppf Sayardaw Facebook Account
Photo Credit : Ppf Sayardaw Facebook Account
Photo Credit : Ppf Sayardaw Facebook Account
Photo Credit : Ppf Sayardaw Facebook Account

ခုလို အလှူရှင်တွေထဲမှာ ပြည်သူပါမက ရဟန်းသံဃာတော်တွေလည်း ပါဝင်ကာ လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ် ။ အခုလည်း မန္တလေးက ဆရာတော်တစ်ပါးက သူရဲ့ ကျောင်းဝင်းအတွင်းမှာပဲ အောက်ဆီဂျင်တွေ ဖြည့်ပေးနသလို အိုးတွေလည်း ရှိသလောက် လှူဒါန်းပေးနေကြောင်း သိရပါတယ် ။ ဆရာတော်ကိုယ်တိုင် ဦးစီးဦးဆောင်ကာ ဆောင်ရွက်ပေးနေတာ တကယ်ကို လေးစားစရာပါ ။ 

Photo Credit : Ppf Sayardaw Facebook Account
Photo Credit : Ppf Sayardaw Facebook Account
Photo Credit : Ppf Sayardaw Facebook Account
Photo Credit : Ppf Sayardaw Facebook Account

ဆရာတော်အနေနဲ့ အရင်ကလည်း ငွေကျပ်သိန်းတစ်ထောင်ဖိုး အောက်ဆီဂျင်အိုးတွေ ဝယ်ယူထားခဲ့ပါသေးတယ် ။ ဒီလို နေ့စဉ်တိုင်း အစွမ်းကုန် လှူဒါန်းဆောင်ရွက်ပေးနေကြောင်းကို " လူနာသစ် အိုးသစ်မပေးနိုင်အတွက် ရနိုင်သမျှစက်ရုံကရသလောက် လေဝယ်ပြီးလှူနေပါတယ်။နေ့စဉ်တန်းစီးပြီးလေ အလှူခံကြသူတိုင်းကိုပြည့်ပြည့်ဝဝပေးချင်ပေမယ့်လေဝယ်ရခက်ပါတယ်။ လေ ဝယ်ပေးနိုင်မယ့်အကျိုးဆောင်များရှိရင်လည်းဖိတ် ခေါ်ပါတယ်။အကျိုးဆောင်ပေးကြပါ။ ဝယ်လို့ရသလောက်အကုန်လှူပါမယ်။ ကုန်ချင်သလောက်ကုန်ပါစေ လို့ဆုံးဖြတ်ထားပါတယ်။ ချစ်တဲ့မန္တလေးမြို့ကြီးကို လေ ဝအောင်မပေးနိုင်တာ တောင်းပန်ပါတယ်။ ပုလဲကြီး စွမ်းဆောင်မှုညံ့ပါတယ် ဆိုတဲ့အကြောင်းဝန်ခံပါတယ်။ " ဆိုပြီး ရေးသားဖော်ပြထားရာ ဆရာတော်ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်တွေကို လေးစားမိတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Source & Photo Credit : Ppf Sayardaw Facebook Account
Source & Photo Credit : Ppf Sayardaw Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T