နေ့ခင်းကြောင်တောင်ကြီး အိမ်တစ်အိမ်ကို လူ(၅)ယောက်က ဓားပြဝင်တိုက်လို့ ရပ်ကွက်နေပြည်သူတွေ ပြန်ဝိုင်းပြီးဖမ်းခဲ့ကြတဲ့ မန္တလေးမြို့ဖြစ်စဉ်

//s9.kh1.co/72/72be686ee836c3d2be94a7109ea28a6494d5d85c.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

နေ့ခင်းကြောင်တောင်ကြီး အိမ်တစ်အိမ်ကို လူ(၅)ယောက်က ဓားပြဝင်တိုက်လို့ ရပ်ကွက်နေပြည်သူတွေ ပြန်ဝိုင်းပြီးဖမ်းခဲ့ကြတဲ့ မန္တလေးမြို့ဖြစ်စဉ်

ပြည်သူလူထုကတော့ ကိုဗစ်ကူးစက်ရောဂါကိုကြောက်လန့်နေရတဲ့အပြင် ခေတ်အခြေအနေကြောင့်လည်း အိမ်ထဲနေရင်တောင်မလုံခြုံမှုများစွာနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။မသမာသူတချို့က လက်ရှိအခြေအနေမှာ ထကြွသောင်းကျန်းနေကြပြီး ပြည်သူတွေဆီကနေ ခိုးဆိုးလုယက်နေကြတာဖြစ်ပါတယ်။မန္တလေးမြို့မှာတော့ အိမ်တွေထဲကို လူအုပ်စုလိုက်ဝင်ရောက်ပြီး ဆိုင်ကယ်ခိုးယူမှုတွေဖြစ်ပွါးနေတဲ့သတင်းတွေကို ကြားသိနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း မန္တလေးမြို့ လမ်း40 × 63× 64 ကြားတွင် နေ့ခင်းကြီးမှာတောင် လူငါးယောက်က အိမ်တစ်အိမ်ကိုဓားပြဝင်တိုက်ကြတာဖြစ်ပါတယ်။လူမပြတ်တဲ့လမ်းမှာတောင်မှ ဒီလိုအတင့်ရဲနေကြတဲ့ မသမာသူတွေကြောင့်အိမ်ရှင်တွေလည်း အော်ဟစ်အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ရပ်ကွက်နေပြည်သူတွေလည်း အဲ့ဒီအခြေအနေကိုသိကြလို့ ဓားပြအုပ်စုကို ပြန်ဝိုင်းပြီး ဖမ်းခဲ့ကြတာဖြစ်ပါတယ်။အိမ်ရှင်ရဲ့ရင်ဘက်ကိုတော့ ဓားပြတွေထဲကတစ်ယောက်က ဓားနဲ့ထိုးသွားတယ်လို့ သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အိမ်နီးချင်းပြည်သူတွေရဲ့အကူအညီပေးမှုကြောင့် ဓားပြအုပ်စုထဲက တစ်ယောက်ကို ဖမ်းမိလိုက်တာဖြစ်ပြီး ကျန်တဲ့လေးယောက်ကတော့ ပြေးသွားတယ်လို့ သိရပါတယ်။ပြည်သူတွေကလည်း အခုလိုအခြေအနေမျိုးမှာတာဝန်သိစိတ်အပြည့်နဲ့ ကူညီပေးခဲ့ကြတာ အရမ်းလေးစားဖို့ကောင်းပါတယ်။နေ့ခင်းအချိန်မှာတောင် ပြည်သူတွေရဲ့အသက်၊အိုးအိမ်၊စည်းစိမ်တွေကို ခြိမ်းခြောက်နေတဲ့ မသမာသူတွေရှိတာကြောင့် ပြည်သူတွေလည်း ဂရုစိုက်နိုင်ကြဖို့အတွက် ဒီအဖြစ်အပျက်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T