ချို့တဲ့လှတဲ့ အဘိုးအဘွားတွေနဲ့မိသားစုတွေအတွက် ကြက်ပေါင်းအလှူလေးပြုလုပ်‌လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

//s9.kh1.co/4d/4db45c2f3ad6e3364aa141aaf971d638e48e4f10.jpg
အနုပညာရှင်များ

 ၂၄-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်မင်းသမီးချော ဆောင်းယွန်းစံကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လှူဒါန်းမှုတွေပြုလုပ်ရင်း အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းကနေ ပါဝင်နေသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ကိုဗစ်ရောဂါအခြေအနေကြောင့် ပြည်သူအများအပြားသေဆုံးနေကြရသလို ရောဂါကိုအံတုခုခံဖို့အတွက်လည်း အာဟာရဓာတ်လုံလုံလောက်လောက်မရကြတာကြောင့် အားပြတ်နေကြရတဲ့ ပြည်သူတွေလည်းဒုနဲ့ဒေးဖြစ်နေတာကို တွေ့ရပါတယ်။

Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc

အိမ်လုံးကျွတ်ကိုဗစ်ကူးစက်ခံထားရတဲ့ မိသားစုတွေလည်းရှိလာနေပြီး ၎င်းတို့ရဲ့ စားရေးသောက်ရေးအဆင်ပြေစေဖို့အတွက် အိမ်တိုင်ရာရောက်သွားရောက်လှူဒါန်းပေးနေကြတဲ့ စေတနာရှင်တွေကိုလည်းတွေ့ရပါတယ်။ မင်းသမီးချော ဆောင်းယွန်းစံဟာလည်း အခုလိုအာဟာရဓာတ်လိုအပ်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲချို့တဲ့သူတွေကို ကြက်ပေါင်းအလှူလေးပြုလုပ်ပေးကာ တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းနေတာကိုတွေ့ရပါတယ်။

Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc

ကိုဗစ်ရောဂါဆိုးကြီးကို ခုခံဖို့အတွက်က အာဟာရဓာတ်ပြည့်၀နေဖို့ အဓိကလိုအပ်နေတာဖြစ်ပြီး နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေလည်းစား၀တ်နေရေးကြပ်တည်းနေကြကာ အစာရေစာပြတ်လပ်မှုတွေဖြစ်ပေါ်နေကြတာပါ။ အခုလိုအခြေအနေမျိုးမှာ အစားအသောက်လှူဒါန်းပေးတဲ့ ဆောင်းယွန်းစံရဲ့စိတ်ထားလေးဟာလည်း အင်မတန်လေးစားဖို့ကောင်းပါတယ်နော်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc

သတင်း အရင်းအမြစ်Saung Yoon San's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T