အောက်ဆီဂျင်အိုးအဟောင်းကို သေချာဆေးကြောလိုက်ချိန်မှာ အထဲကထွက်ကျလာတဲ့အရာတွေကြောင့်တုန်လှုပ်စရာကောင်းသွားတဲ့ဗီဒီယိုဖိုင်

//s9.kh1.co/84/84e31850fe63ba29aab3fb99d13304f0a51da2de.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အောက်ဆီဂျင်အိုးအဟောင်းကို သေချာဆေးကြောလိုက်ချိန်မှာ အထဲကထွက်ကျလာတဲ့အရာတွေကြောင့်တုန်လှုပ်စရာကောင်းသွားတဲ့ဗီဒီယိုဖိုင်

ကိုဗစ်ကူးစက်ခံရသူတွေက တစ်နေ့ကို ထောင်ချီတွေ့နေတာဖြစ်လို့ ပြည်သူတွေလည်း မိမိကမှစပြီး ကြိုတင်ကာကွယ်နေကြရတာဖြစ်ပါတယ်။ကိုဗစ်လူနာတွေထဲမှာ အောက်ဆီဂျင်အရမ်းထိုးကျပြီး အသက်ဆုံးရှုံးရသူတွေလည်းရှိပါတယ်။တချို့ပြည်သူတွေဆိုရင် အောက်ဆီဂျင်တစ်အိုးရဖို့အတွက် တစ်နေကုန်တန်းစီစောင့်ရတာဖြစ်ပါတယ်။အောက်ဆီဂျင်စျေးနှုန်းတွေကလည်း အရမ်းမြင့်တက်နေပြီး ရှားပါးနေတာကြောင့် ကိုဗစ်လူနာတွေအတွက်အခက်အခဲဖြစ်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;<br>
Photo Credit: Original Uploder 

တချို့သူတွေကလည်း လူ့အသက်တွေကိုကိုယ်ချင်းမစာနာကြဘဲ အောက်ဆီဂျင်လိမ်ရောင်းနေကြတာကြောင့်ပြည်သူတွေလည်း ငွေကုန်လူပန်းဖြစ်နေရတာဖြစ်ပါတယ်။အောက်ဆီဂျင်အိုးအဟောင်းတွေမှာဆိုရင် အနှစ်နှစ်၊အလလ အသုံးပြုထားတာဖြစ်လို့ အိုးအတွင်းမှာ သံချေးတွေတောင်တက်နေပြီဖြစ်ပါတယ်။မသိတဲ့ပြည်သူတွေကအဲ့ဒီအိုးအဟောင်းတွေထဲကို အောက်ဆီဂျင်ထည့်ပြီး လူနာကိုပေးရှူလိုက်တဲ့အခါ အသက်ဆုံးရှုံးသွားရတာတွေလည်းရှိပါတယ်။

Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 

အခုဆိုရင်တော့ ပြည်သူတစ်ဦးက အောက်ဆီဂျင်အိုးအတွင်းပိုင်းကို သေသေချာချာဆေးရမယ့်အကြောင်းကိုဗဟုသုတအနေနဲ့ တင်ပေးလာတာဖြစ်ပါတယ်။ဗီဒီယိုထဲမှာတော့ အောက်ဆီဂျင်အိုးအတွင်းပိုင်းကို ဆေးလိုက်တဲ့အခါ သံချေးတွေအများအပြားထွက်လာတာကိုတွေ့ရပါတယ်။အိုးတစ်လုံး သေချာပြောင်စင်ဖို့အတွက်(၇)ကြိမ်၊(၈)ကြိမ်လောက် အထပ်ထပ်အခါခါ ဆေးကြောရတာဖြစ်ပါတယ်။သေသေချာချာဆေးကြောသန့်စင်ပြီးမှ အောက်ဆီဂျင်ထည့်ပြီး အသုံးပြုနိုင်ကြဖို့အတွက် ဒီဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T