မိသားစုဝင်(၅)ဦးလုံး positive ဖြစ်ခဲ့ပေမယ့် အောက်ဆီဂျင်လုံးဝမလိုဘဲ ကိုဗစ်ကိုတိုက်ထုတ်နိုင်ခဲ့ကြတဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/31/31f97eefcfd84c4026a060227f23543dcbefe08b.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မိသားစုဝင်(၅)ဦးလုံး positive ဖြစ်ခဲ့ပေမယ့် အောက်ဆီဂျင်လုံးဝမလိုဘဲ ကိုဗစ်ကိုတိုက်ထုတ်နိုင်ခဲ့ကြတဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

ကိုဗစ်တတိယလှိုင်းမှာတော့ သေဆုံးသူတွေလည်းများပြားသလို ပျောက်ကင်းသွားတဲ့သူတွေလည်းရှိပါတယ်။ကိုဗစ်ကိုခုခံကာကွယ်နိုင်ဖို့အတွက် အာဟာရပြည့်ဝအောင်စားသောက်နေထိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း အရေးကြီးပါတယ်။ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ သက်ကြီးရွယ်အို အဘိုး၊အဘွားတချို့ရောဂါပျောက်ကင်းခဲ့ကြတဲ့သတင်းတွေလည်း ကြားသိနေရပါတယ်။ဒီကာလမှာတော့ စိတ်မကောင်းစရာအခြေအနေတွေကိုသာ နေ့စဉ်တွေ့မြင်နေရပေမယ့် ပြည်သူတွေက အားတင်းရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ အသက်(၈၂)အရွယ် အဘိုးတစ်ဦးအပါအဝင် မိသားစုဝင် (၅)ဦး COVID positive ဖြစ်ခဲ့ပေမယ့်ပျောက်ကင်းခဲ့တဲ့အကြောင်းကို ရေးသားပြောပြလာတာဖြစ်ပါတယ်။သူမတို့မိသားစုဝင်တွေက သုံးခွမိုးကုတ်ရိပ်သာ Q စင်တာမှာ နေထိုင်ခဲ့ကြပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။မိသားစုဝင်(၅)ဦးလုံးအောက်ဆီဂျင်လုံးဝမလိုခဲ့ဘဲ သောက်ဆေးနဲ့ အစားအသောက်တွေကြောင့် ပြန်လည်ကောင်းမွန်ခဲ့ကြတာဖြစ်ပါတယ်။အစားအသောက်ကတော့ ကြက်စွပ်ပြုတ်၊ကြက်ဥနဲ့ အသီးအနှံတွေအပြင် အိုဗာတင်း၊ကွေကာအုပ်တို့ကို စားသုံးခဲ့ကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နောက်ထပ်လည်း မြန်မာ့ရိုးရာနည်းလမ်းလေးတွေဖြစ်တဲ့ ရေနွေးနဲ့ဂွေးတောက်ရွက်ကို တစ်နေ့နှစ်ကြိမ်ရှူကြပြီးတရားထိုင်ကြပါတယ်။လေ့ကျင့်ခန်းတွေလည်း နိုင်သလောက်လေးလုပ်ဆောင်ကြပြီး အိပ်ချိန်မှန်မှန်နဲ့ ကိုဗစ်ကိုပေါ့ပေါ့ပါးပါး တိုက်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။သူမတို့တစ်မိသားစုလုံးက ကိုဗစ်ကိုတွေးကြောက်မနေဘဲကျန်းမာရေးနဲ့ညီညွှတ်မျှတစွာ နေထိုင်စားသောက်ခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကိုခြောက်လှန့်နေတဲ့ ကိုဗစ်ရောဂါဆိုးကြီးကို ခုခံနိုင်ခဲ့တဲ့ မင်္ဂလာသတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T