ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ အောက်ဆီဂျင်အိုး အမြောက်အများနဲ့ Mask အရေအတွက်သိန်းကျော် စစ်ဆေးဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်ရပ်

//s9.kh1.co/cc/cc5291092bd1d7350deac333c5b464616bf5e912.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ထိုင်းမြန်မာနယ်စပ်နေရာတွေမှာ ကျန်းမာရေးပစ္စည်းတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး တော်တော်များများဟာ သိမ်းဆည်းဖမ်းဆီးခံနေရပါတယ်..။

မြန်မာနိုင်ငံအတွင်း ပို့ဆောင်မယ့် အောက်ဆီဂျင်အိုးတွေနဲဲ့ ဆေးဝါးတွေအပြင် Mask တွေကို တရားမဝင်တင်ပို့မှုတွေကို ထိုင်းအစိုးရက ဖမ်းဆီးနေတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ဇူလိုင်လ (၂၂)ရက်နေ့ကလည်း ပရာကျွန်ခရိုင်၊ ခလောင်ဝမ်ကျေးရွာအုပ်၊ ဒန်စီခွန်နယ်စပ် မှ မြိတ်ခရိုင်၊ တနင်္သာမြို့နယ်၊ မောတောင်နယ်စပ် သို့ တရားမဝင် ​မှောင်ခိုတင်သွင်းတဲ့ Mask များကို နယ်စပ်စောင့်ရှောက်ထိန်းသိမ်းရေး တပ်ရင်း​ဗိုလ်မှူးကြီးနဲ့ နယ်စပ်အခွန်ကောက်အရာရှိများအပါဝင် ထိုင်းစစ်သားများ ပူးပေါင်းစစ်ဆေးဖမ်းစီးခဲ့ကြပါတယ်..။

Mask များကို တရားမဝင်တင်လာတဲ့ကားဟာ အပေါ်ယံမှာ သစ်သီးတွေကို ပလပ်စတစ်အိပ်များနဲ့ထုပ်ပြီးဖုံးထားတဲ့အတွက် မသင်္ကာလို့စစ်ဆေးခဲ့ရာ စက္ကူဖာများမှာ ကျန်းမာရေး Mask မြောက်များစွာကို တွေ့ရတာကြောင့် သယ်ဆောင်လာသူ ကားသမားကို ဖမ်းဆီးခဲ့ကြတာ တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ထိုင်းနိုင်ငံမှာ (၂၀၁၇)ခုနှစ်က ထုတ်ထားတဲ့ အမိန့် ဥပဒေပုဒ်မ (၁၆၇) အရ ထိန်းသိမ်းထိန်းချူပ်ပစ္စည်းများအဖြစ် သတ်မှတ်ထားတဲ့ ကျန်းမာရေးသုံးပစ္စည်းများအားလုံးကို နိုင်ငံအတွင်းလုံလောက်စွာသုံးနိုင်ဖို့အတွက် တဖက်နိုင်ငံခြားသို့ မပို့ဆောင်/မတင်သွင်း မရောင်းချရန် တားဆီးထားခြင်းကြောင့် ဥပဒေနဲ့အညီ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်..။

ဖမ်းစီးရမိသည့် Mask အရေတွက်နဲ့ အမျိုးစားများမှာ ကိုရီးယား mask KF94 ကလေးလူကြီးပေါင်း တစ်ဖာကိုအထုပ်(၁၀၀)ပါ (၄၄)ဖာနဲ့ ရိုးရိုးသုံးလွှာ Mask (၁၇)ဖာ ဖြစ်ပြီး စုစုပေါင်း (၆၁) ဖာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T