ကိုဗစ်ကူးစက်ခံရမှုကြောင့် နိုင်ငံကျော်ဆိုင်းပညာရှင်ကြီး ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တားကွယ်လွန်

//s9.kh1.co/bc/bc86a51ac11fcd3d2265305b7d1dc3263843bb88.jpg
အနုပညာရှင်များ

 ၂၄-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကူးစက်မှုတွေတစ်ကျော့ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ် Third waveရဲ့အရှိန်ကြောင့် မြန်မာပြည်သူအတော်များများလည်းကူးစက်ခံနေရပြီး အနုပညာရှင်အချို့လည်းကူးစက်ခံနေရကာ အသက်ဆုံးရှုံးမှုတွေအထိဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့်သေဆုံးရတဲ့ ပြည်သူချစ်အနုပညာရှင်ကြီးတွေလည်း တစ်နေ့တခြားများပြားလာနေပြီး အောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့် အများစုမှာသေဆုံးနေကြရတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

မကြာခင်ရက်ပိုင်းအတွင်းကလည်း မန္တလေးကနိုင်ငံကျော်ဆိုင်းပညာရှင်ကြီး ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တားဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာကြောင့် ဆေးကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။ ICUခန်းထဲ‌ရောက်ကာဆေးကုသမှုခံယူခဲ့ပေမယ့် ပြင်းထန်တဲ့ရောဂါအရှိန်ကြောင့် ဒီကနေ့ဇူလိုင်လ ၂၄ရက်နေ့မနက်ပိုင်းမှာ ဆုံးပါးသွားခဲ့တယ်လို့သိရပါတယ်....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စိန်မွတ္တားဟာ ပန်းဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကိုးဆယ်ဆသာလိမ့်မယ် ရုပ်ရှင်ဇာတ်ကားကြီးတို့မှာ အကောင်းဆုံးတေးဂီတဆုအနေနဲ့ အကယ်ဒမီဆုကြီးကိုရရှိခဲ့တဲ့ ပညာရှင်ကြီးတစ်ယောက်ပါ။ အခုလိုအဖိုးတန်လှတဲ့ အနုပညာရှင်ကြီးတစ်ယောက်ဆုံးရှုံးရခြင်းဟာ အင်မတန်နှမြောစရာကောင်းလှပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Honey Htun's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T