အလှူရှင်တွေပေးတဲ့ ထမင်းဗူးကို မစားခင် ဆုတောင်းပေးရင်း သုသာန်မှာပဲ အဆင်ပြေသလို စားနေကြရတဲ့ ပရဟိတသူရဲကောင်းများ

//s9.kh1.co/02/023689af030a4f7666405062593429786a36428c.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

ကိုဗစ်ရောဂါကူးစက်မှု နှုန်းတွေကလည်း မြန်နေသလို သေဆုံးသူတွေလည်း တစ်နေ့တစ်နေ့ လျော့သွားတယ် မရှိပါဘူး ။ တာဝန်ယူ ကုသပေးမယ့် အဖွဲ့အစည်းတွေ ၊ နေရာတွေ မရှိလို့ ပြည်သူတွေခမျာ အတော်လေး အခက်ကြုံနေရပါတယ် ။ ဒီလိုအချိန်မှာ ပြည်သူတွေကို အခကြေးငွေမယူဘဲ စေတနာအပြည့်နဲ့ ထိပ်ဆုံးက ကူညီဆောင်ရွက်ပေးနေသူတွေကတော့ ပရဟိတ အသင်းသားတွေပဲ ဖြစ်ပါတယ် ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader
Photo Credit : Original Uploader

ကိုဗစ်ရောဂါနဲ့ ပတ်သတ်သမျှ ကိစ္စအဝဝကို နေ့ရော ၊ ညရော ဆောင်ရွက်ပေးနေကြတာပါ ။ ဒါ့အပြင် ခုဆို ကိုဗစ်ကြောင့် သေဆုံးသူတွေ အရမ်းများတာကြောင့် အလောင်းတွေကိုလည်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကောက်ရသလို မီးသင်္ဂြိုဟ်မယ့် နေရာရောက် င်လည်း အလောင်းတွေ များလွန်းတာကြောင့် မိုးချုပ်ထိ PPE ဝတ်စုံတွေကို ပူလောင်စွာဝတ်ပြီး မြေကြီးပေါ်မှာ လှဲအိပ်ရင်း စောင့်နေကြတဲ့ မြင်ကွင်းတွေက တကယ်ကို စိတ်မကောင်းစရာတွေပါ ။

Photo Credit : Original Uploader
Photo Credit : Original Uploader

အခုလည်း အလှူရှင်တွေ လှူဒါန်းပေးတဲ့ ထမင်းဗူးတွေကို မစားခင် ဆုတောင်းပေးရင်း သုသာန်မှာပဲ ဖြစ်သလို မြေကြီးပေါ်မှာ ထိုင်စားနေရတဲ့ ပုံရိပ်တွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ ဒီပုံရိပ်တွေကပဲ ပြည်သူတွေရဲ့ ရင်ကို ထိမှန်စေခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် ကိုယ်ကျိူးစွန့်ကာ လုပ်ဆောင်နေကြတဲ့ ပရဟိတ သူရဲကောင်းတွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T