သရုပ်ဆောင်မော်ဒယ်လ် ထားထက်ထက်ကတော့ ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်အပြည့်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ တော်လှန်ရေးနယ်မြေထဲသွားရောက်ပြီး ပင်ပင်ပန်းပန်းနဲ့ စစ်သင်တန်းတတ်ရောက်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့ပြင်လွတ်မြောက်နယ်မြေအတွင်းမှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေအတွက်လည်း လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် အလှူခံပေးနေကာ အာဏာရှင်ကိုတော်လှန်ဖို့အတွက်ကြိုးစားနေတာလည်း တွေ့မြင်ရပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာဆိုရင် နိုင်ငံရေးကြပ်တည်းမှုဒဏ်အပြင် ကိုဗစ် တတိယလှိုင်းရဲ့ဒဏ်ကိုပါ အလူးအလဲခံစားနေကြရတာပါ။ တစ်ကျော့ပြန်ဖြစ်ပေါ်လာတဲ့ ကိုဗစ်ရဲ့ အရှိန်ကြောင့် သေဆုံးရတဲ့ပြည်သူတွေလည်းများလာနေသလို အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ အောက်ဆီဂျင်ရရှိရန်ခက်ခဲမှုတွေကြောင့် နေ့စဉ်နေ့တိုင်း လူထောင်နဲ့ချီသေဆုံးနေတာကိုတွေ့မြင်ရပါတယ်.....။
အခုလိုခက်ခဲကြပ်တည်းနေတဲ့ ပြည်သူတွေအတွက် ထားထက်ထက်ဟာ ခွန်အားဖြစ်စေမယ့်စာလေးကို ပြတ်ပြတ်သားသားရေးသားလာပါတယ်။ "စကစတွေရဲ့ ကျဆုံးခန်းကို မိန့်မိန့်ကြီး ထိုင်ကြည့်ရဦးမှာမို့ ကိုဗစ်ကိုအရင်နိုင်အောင်တိုက် ရရာနည်းလမ်းနဲ့ဂရုစိုက် ကြိုးစားပြီး အသက်ရှင်ပေးကြပါ…..???
23 July 2021......"ဆိုပြီး ရေးသားခဲ့တာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Htar Htet Htet's Facebook page