နေမကောင်းဖြစ်ပြီးခံတွင်းပျက်နေကြတဲ့သူတွေအတွက် ငါးပိရည်နဲ့တို့စရာတွေကိုယ်တိုင်ပြင်ဆင်ပြီးလှူဒါန်းခဲ့တဲ့ ဘေဘီမောင်

//s9.kh1.co/f2/f27e852ab9a0892d7bffa2b9e76c48f046fea43a.jpg
အနုပညာရှင်များ

 ၂၄-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ ကိုဗစ်ရောဂါကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး ပြည်သူအချင်းချင်းကပဲ ကူညီပေးလာကြတာ တွေ့ရပါတယ်။ တစ်အိမ်လုံး နေမကောင်းတဲ့ မိသားစုတွေကို စားသောက်စရာတွေနဲ့ ဆေးဝါးတွေကို ကူညီလှူဒါန်းပေးကြသလို တချို့မှာလည်း အကြပ်အတည်းတွေကြားထဲကနေ အာဟာရဒါန တွေကို ပေးဝေလှူဒါန်းပေးလာကြ‌တာတွေ့ရပါတယ်။ ဒီလိုလှူဒါန်းပေးနေတဲ့ စေတနာရှင်တွေထဲမှာ ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်ဘေဘီမောင်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ ဘေဘီမောင်ဟာ ကျန်းမာရေးချို့တဲ့ကာ ၁၁ရက်လောက်နေမကောင်းဖြစ်နေခဲ့တယ်လို့သိရပါတယ်။ အလူးအလဲခံစားခဲ့ရပြီး သေခါနီးဆဲဆဲဖြစ်တဲ့အထိ အတော်လေးနေမကောင်းဖြစ်နေခဲ့တဲ့အကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့တာတွေ့ရပါတယ်။ အခုလိုကျန်းမာရေးချို့တဲ့ခဲ့ပြီးနောက် နလံပြန်ထူလာတဲ့အချိန်မှာ ဘေဘီမောင်ကအနီးနားပတ်၀န်းကျင်ကသူတွေအတွက် ကြက်သားဆန်ပြုတ် ၅ရက်တိတိလှူဒါန်းခဲ့ပြီး အခုတစ်ခါမှာလည်း ငါးပိရည်နဲ့တို့စရာဗန်းတွေလှူဒါန်းပြန်တာဖြစ်ပါတယ်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

ဒီအကြောင်းအရာလေးကိုလည်း ဘေဘီမောင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "နေမကောင်းဖြစ်ပြီး ခံတွင်းပျက်နေတဲ့ ဘေဘီကိုချစ်တဲ့ဘေဘီကချစ်ရတဲ့မိတ်ဆွေများအတွက် ဘေဘီကြိုက်တဲ့ငပိရည်ကျိုလေးနဲ့တို့စရာလေး?
ခံတွင်းတွေ့ပြီး ထမင်းစားကောင်းကြပါစေရှင့်??​ငွေထက်တန်ဖိုးကြီးတဲ့မေတ္တာစေတနာငပိရည်ဗန်းလေး?....." ဆိုပြီးရေးသားကာ မျှဝေပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

သတင်း အရင်းအမြစ်Baby Maung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T