ထောင်တွင်းဆန္ဒပြမှုကြောင့် အကျဉ်းထောင်ထဲတွင် ဖြစ်သွားခဲ့တဲ့ အခြေအနေတစ်ချို့ကို ကြားသိရသလောက် ဝေမျှလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/92/923302d1908886795b158ded3e44cb63a0dd428a.jpeg
နေ့စဉ်သတင်းများ

 ၂၄-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မနေ့က မနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် အာဏာရှင်လူတစ်စု ပြုတ်ကျရေးနဲ့ ပတ်သက်ပြီးကြွေးကြော်သံတွေ ဟစ်ကြွေးကာ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အင်းစိန်သီးသန့်ထောင် အမျိုးသမီးဆောင်ကနေ စတင်ကာ ဆန္ဒပြပွဲဖြစ်ပေါ်ခဲ့တယ်လို့လည်း ကနဦး သတင်းများအရ ကြားသိရပါတယ်။ အဆိုပါ ဆန္ဒပြမှုတွင်အကျဉ်းထောင်တစ်ခုလုံးသာမကဘဲ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ချို့လည်း ပါဝင်ခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာဏာရလက်နက်ကိုင်အဖွဲ့အစည်းမှ ထောင်ထဲသို့ ဝင်ရောက်စီးနင်းမှုပြုပြီး ရိုက်နှက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဆန္ဒပြခဲ့သူတစ်ချို့ အသက်သေဆုံးမှုတယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က နိုင်ငံရေးသမားတစ်ဦးမှ သူ့ရဲ့ လူမှုကွန်ယက်တွင် ထောင်တွင်းဆန္ဒပြမှုမှာ လူသေဆုံးမှုရှိနေတယ်လို့  ကြားနေရတဲ့သတင်းအပေါ် စုံစမ်းရသလောက်သိရှိရသမျှကို ရေးသားဝေမျှပေးထားတာ ဖြစ်ပါတယ်။ မနေ့က ဖြစ်စဉ်တွင် အသက်ဆုံးရှုံးမှုမရှိဘဲ ရိုက်နှက်မှုများသာ ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

သို့သော် ရိုက်နှက်မှုကြောင့် သွေးအလိမ်းလိမ်းနဲ့ သီးသန့်အကျဉ်းထောင်မှ လူငယ်အမျိုးသား တစ်ဦး အင်းစိန်ထောင်မကြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ ထောင်မကြီးနှင့် အခြားတိုက်များ၊ အခြားအဆောင်များသို့ ပြောင်းရွှေ့ခံထားရသူများနှင့် ရိုက်နှက်ခံရသူများအား ညစာကျွေးတဲ့ အစီအစဉ်လည်း မရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ ဝန်ဝမ်းတစ်ဦးမှ ရှင်းပြခဲ့တယ်လို့လည်း သိရှိရပါတယ်။ အင်းစိန်ထောင်အတွင်း ဆန္ဒပြခဲ့ကြသူများနဲ့အတူ ရပ်တည်ကြောင်း သက်သေပြတဲ့အနေနဲ့ ရန်ကုန်မြို့က လူငယ်တစ်ချို့ ဆန္ဒထုတ်ဖော်ကြတာတွေ ညဘက်သံဗုံးတီးတဲ့ အစီအစဉ်တွေ ပြန်လည်လုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး ဘေးမသီရန်မခဘဲ အမြန်ဆုံး လွန်မြောက်ကြပါစေလို့ဆုတောင်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T