နေမကောင်းတဲ့မိခင်ဖြစ်သူအတွက် အန္တရာယ်တွေကြားက မုန့်ဖက်ထုပ်ရောင်းပြီး ရှာကျွေးနေတဲ့ (၁၁)နှစ်အရွယ် ကလေးငယ်

//s9.kh1.co/9a/9a971644128f045a910c2475daa39996de6b549f.jpeg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိမှာ ကြုံတွေ့နေကြရတဲ့ အခြေအနေတွေအမျိုးမျိုးကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးအပြင် အသက်ရှင်သန်ဖို့အတွက်တောင် အတော်လေး ရုန်းကန်နေကြရတာ ဖြစ်ပါတယ်..။

ကိုဗစ်ကပ်ရောဂါဆိုးကြောင့် အများပြည်သူတွေမှာ ကူးစက်ရောဂါရင်ဆိုင်ခံစားနေကြရတဲ့အချိန် မိသားစုစားဝတ်နေရေးအတွက် မဖြစ်မနေ စီးပွားရှာလုပ်ကိုင်စားသောက်နေကြရတာတွေလည်း ရှိပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အခုတစ်ခါမှာလည်း ကပ်ရောဂါအန္တရာယ်တွေကြားက (၁၁)နှစ်အရွယ် ကလေးငယ်လေးဟာ မိခင်ဖြစ်သူမကောင်းတဲ့အတွက် အရွယ်လေးနဲ့ မလိုက်အောင် မုန့်ဖက်ထုပ်ရောင်းကာ ရုန်းကန်ကြိုးစားနေရတာ တွေ့ရပါတယ်..။

(၁၁)နှစ်အရွယ် အဆိုပါ ကလေးငယ်လေးဟာ မြောက်ဒဂုံ၊ ပင်လုံလမ်းမကြီးဘက်မှာ ညနေပိုင်းအမြဲ စက်ဘီးလေးနင်းကာ မုန့်ဖက်ထုပ်ရောင်းနေတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

(၁၁)နှစ်ပြည့်မယ့် မနက်ဖြန်မွေးနေ့လေးမှာ ကိတ်မုန့်လေးခွဲ ကြာဇံကြော်လေးစားချင်ပေမယ့် အမေကဖျားနေတာကြောင့် ဒီနှစ်မှာတော့ ကိတ်မခွဲပါနဲ့တော့သားရယ် ဆိုလို့ ကိုယ်တိုင် စက်ဘီးစီး ဈေးထွက်ရောင်းနေရတာ ဖြစ်ပါတယ်..။

သူ့အရွယ်လေးနဲ့ စက်ဘီးကကြီးပြီး လမ်းကရေချိုင့်ကလည်းမြင့်တာကြောင့် ကိုယ်လုံးသေးသေးနဲ့ မှောက်တော့မလိုဖြစ်နေတာကြောင့် ကိတ်လေးခွဲပါစေတော့ဆိုပြီး ပိုက်ဆံလေးနဲ့ Mask တစ်ထုပ်ပေးခဲ့တာကို ဈေးဦးပေါက်လို့ ပျော်နေရှာတယ်လို့ စေတနာရှင်ပြည်သူတစ်ဦးက ကရုဏာသက်စွာ ပြောပြထားပါသေးတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T