ကိုဗစ်ရောဂါကူးစက်ခံရတဲ့ အသက်ကြီးသူတွေအတွက် သတိထားစရာတွေနဲ့ အရေးတကြီးလုပ်ဆောင်ပေးရမယ့် အရာတွေကို ပြောပြလာတဲ့ ဆရာဝန်တစ်ဦး

//s9.kh1.co/d9/d917ffd620839b3346b25ddf0e907d617a0cfdd4.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ယခုရက်ပိုင်းအတွင်းမှာတော့ ရာသီတုတ်ကွေးကြောင့် နေမကောင်းဖြစ်နေတဲ့ သူတွေလည်း အများအပြားရှိလာခဲ့သလို တချို့မှာဆိုရင်လည်း ကိုဗစ်ရောဂါကို အလူးအလဲခံစားနေရတဲ့ ပြည်သူတွေကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ ယခုအခြေအနေဟာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေကို အာဏာပိုင်တွေက ကုသပေးနေပေမယ့် ဆေးရုံတွေနဲ့ Qစင်တာတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေကို လုံလုံလောက်လောက် မပေးနိုင်တဲ့အတွက် နေအိမ်တွေမှာပဲ ဆေးမြီးတိုလေးတွေနဲ့ပဲ တတ်စွမ်းသလောက် ကုသနေကြရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

တချို့မှာဆိုရင်လည်း ကိုဗစ်ရောဂါ ကူးစက်ခံရမှန်းမသိ၊ ရာသီတုတ်ကွေးဖြစ်နေမှန်းမသိဘဲ ကုသရင်း အသက်သေဆုံးသွားရတာတွေလည်း ရှိလာခဲ့ပါတယ်။ အများစုကတော့ ကိုဗစ်ကူးစက်ခံရပြီး အောက်ဆီဂျင်ကျကာ အသက်သေဆုံးနေရတာ ဖြစ်ပါတယ်။ ဒီလို နေအိမ်တွေမှာ ကုသနေကြရတဲ့ လူနာတွေအတွက် စေတနာ့ဆရာဝန်တွေက လိုက်လံကုသပေးနေကြတာတွေလည်း ရှိပါတယ်။

Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload
Photo Credit - Original Upload

ဒါ့အပြင် တချို့ဆရာဝန်တွေကလည်း လူမှုကွန်ယက်တွေမှာ ကျန်းမာရေး သတိထားစရာအသိပညာတွေနဲ့ ကာကွယ်လုပ်ဆောင်ရမယ့် အရာတွေကို ပြန်လည်မျှဝေတာတွေ ရှိပါတယ်။ ယခုမှာလည်း ပြည်သူတွေကို ကုသပေးနေတဲ့ ကော့မှူးမြို့၊ အောင်သုခဆေးခန်းက ဆရာဝန်တစ်ဦးဟာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ အသက်အရွယ်ကြီးသူတွေကို အဓိကရည်ရွယ်ပြီး သတိထားစရာတွေနဲ့ ကာကွယ်လုပ်ဆောင်ရမယ့် အရာတွေကို လူမှုကွန်ယက်မှာ အသိပေးပြောပြလာခဲ့ပါတယ်။ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး သိကောင်းစရာလေးတွေကို ပြောပြထားတဲ့ ဆရာမရဲ့ဒီဗီဒီယိုလေးဟာ ပြည်သူတွေအတွက် များစွာအကျိုးရှိစေမယ်လို့ လည်း ယုံကြည်မိပါတယ်။

သတင်း အရင်းအမြစ်Source - အောင်သုခ fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T