အလံဝါရောအဖြူရောထောင်ထားတဲ့ နေအိမ်တစ်အိမ်ကို စားစရာတွေသွားပို့ပေးခဲ့ပေမယ့် ခေါ်မရတဲ့အဖြစ်အပျက်နဲ့ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/26/261eddfd208a21d427ead1b110d0ee03c602290b.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အလံဝါရောအဖြူရောထောင်ထားတဲ့ နေအိမ်တစ်အိမ်ကို စားစရာတွေသွားပို့ပေးခဲ့ပေမယ့် ခေါ်မရတဲ့အဖြစ်အပျက်နဲ့ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတစ်ဦး

ကိုဗစ်ရောဂါကူးစက်ခံထားရပြီး ဒုက္ခရောက်နေရှာတဲ့ ပြည်သူတွေဟာ အရေးပေါ်အကူအညီတွေလိုအပ်နေတာကြောင့် အလံဝါ၊အလံဖြူတွေ ထောင်ပြီး အကူအညီတောင်းခံနေကြပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေကလည်း အလံထောင်ထားတဲ့ အိမ်တွေရှေ့သွားရောက်ပြီး စားစရာတွေ၊ဆေးဝါးတွေကို လှူဒါန်းပေးနေကြပါတယ်။ ယနေ့မှာတော့ လမ်းမတော်မြို့နယ်၊(၁၆)လမ်းက နေအိမ်တစ်အိမ်ဟာ အလံအဖြူရော၊အဝါရောထောင်ထားခဲ့ပါတယ်။အလံထောင်ထားတာကြောင့် ပြည်သူတစ်ယောက်က အဆိုပါနေအိမ်အတွက် စားစရာမုန့်တွေနဲ့ဆေးဝါးတွေဝယ်ပြီး သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

သွားရောက်လှူဒါန်းခဲ့တဲ့ ပြည်သူက စားစရာတွေသွားပေးခဲ့ပေမယ့် ဘယ်လိုမှ ခေါ်မရတဲ့အခက်အခဲနဲ့ကြုံတွေ့ခဲ့ရတာကြောင့် အိမ်ထဲမှာတစ်ခုခုဖြစ်နေလားဆိုပြီး စိတ်ပူသွားခဲ့ပါတယ်။ အဆိုပါပြည်သူက တံခါးကနေလှမ်းကြည့်လိုက်ရာ အိပ်ယာပေါ်လဲနေတာမြင်တွေ့နေရတာကြောင့် ပရဟိတအသင်းတွေဆီ အကူအညီတောင်းခံခဲ့ပါတယ်။ အကူအညီတောင်းစာကို ပရဟိတလူငယ်တွေက တွေ့မြင်သွားပြီး စိုးရိမ်တကြီးနဲ့သွားကြည့်ခဲ့ရာမှာတော့ လဲကျနေတာမဟုတ်ဘဲ နေမကောင်းဖြစ်နေတာကြောင့် အိပ်ပျော်နေတာ​ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ပြန်နိုးလာပြီဖြစ်တဲ့ အဘိုးအိုဆီကို နောက်တစ်ကြိမ်သွားပြီး စားစရာတွေနဲ့ဆေးတွေကို သွားပို့ပေးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါပြည်သူက " (Edit- အသက် ၇၅ နှစ်ပါနေမကောင်းလို့ အိပ်ပျော်နေလို့ ခေါ်မရတာပါရတဲ့ ..ခု ပြန်နိုးလာပါပြီ စားစရာထပ်ပို့ပြီး သွားကြည့်ပေးတဲ့သူ တစ်ယောက်တင်ပေးတာပါ) လမ်းမတော် ၁၆လမ်းမှာ အလံအဖြူရော အလံအဝါရောထောင်ထားလို့ မုန့် အစားအစာ နဲ့ဆေးတွေ သွားပို့တာ အရှေ့မှာလည်း city mart အထုပ်နဲ့ လာပို့ထားတာ တစ်ထုပ်ရှိပါတယ် အထဲမှာ အခြေအနေဘယ်လိုရှိလဲသိချင်လို့ ခေါ်တာဘယ်လိုမှခေါ်မရတော့ဘူး အဲ့တာနဲ့ လိုအပ်တဲ့ ဆေး လိုအပ်တာလေးတွေ ခပ်လှမ်းလှမ်းကမေးဖို့ တံခါးခေါက်တာ မထွက်လာလို့ အထဲက door lock တွန်းဖွင့်ကြည့်တာ တံခါးဘေးကအိပ်ရာပေါ်မှာတင် သတိလစ်နေတာလား အသက်မရှိတော့တာလား မသိဘူး… လုံးဝကို မထနိုင်တော့တဲ့ အခြေအနေပါ… ?? တော်တော်ဆိုးဆိုးရွားရွားဖြစ်နေပုံပါ… ကူညီပေးနိုင်မဲ့ ပရဟိတအသင်းရှိရင် ပြောပြပေးကြပါနော် "ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T