အောက်ဆီဂျင်အိုးကို (၁၁)သိန်းပေးပြီး ဝယ်ခဲ့ရပေမယ့် လိမ်ရောင်းလိုက်တဲ့လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/23/23241a492675a770f754c21c136545011efd80db.jpeg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအနေနဲ့  Covid 19 ကူးစက်မြန်ကပ်ရောဂါဆိုးတွေကြောင့် လူအသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်..။

အောက်ဆီဂျင်ပြတ်လပ်မှု ပြဿနာတွေကြောင့် ပြည်သူတွေမှာ အခက်အခဲတွေကြားက အဆမတန် ဈေးကြီးပေးဝယ်နေရပေမယ့် လိမ်လည်ရောင်းချမှုတွေကြောင့် အသက်ဆုံးရှုံးနေကြရတာလည်း အများအပြားပါပဲ..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အခုတစ်ခါမှာလည်း အောက်ဆီဂျင်အိုးကို (၁၁)သိန်း အထိ ဈေးကြီးပေးဝယ်ခဲ့ပေမယ့် လေမပါဘဲ အိုးခွံကြီးဖြစ်နေပြီး လူနာဟာအချိန်မှီအောက်ဆီမရခဲ့တာကြောင့် သေဆုံးခဲ့ရပါတယ်..။

အောက်ဆီဂျင်အိုးရလို့ ဝမ်းသာခဲ့ရပေမယ့် လေမပါတဲ့ အိုးအလွတ်ကြီးဖြစ်နေတာကြောင့် လူနာကို အချိန်မှီ မကယ်တင်နိုင်ခဲ့ရတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အခုလိုအခက်အခဲတွေ ဖြစ်နေတဲ့အချိန်မှာ ကောက်ရိုးတမျှင်တမျှ မျှော်လင့်ချက်လေးတစ်ခုနဲ့ ဝယ်ယူခဲ့တာတွေကို လုပ်ရက်တဲ့ လူတချို့ကြောင့် အသက်တွေ ဆုံးရှုံးနေကြရတာ မနည်းပါဘူး..။

လူ့အသက်ကို လောင်းကြေးထပ်ပြီး စက်ဆုပ်စရာကောင်းလွန်းတဲ့ လုပ်ရပ်တွေကို မလုပ်ကြဘဲ ပြည်သူအချင်းချင်း စေတနာထား ကူညီဖေးမကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T