ဈေးတက်နေတဲ့ ကြက်ဥတွေကို မနက်ဖန်ကစပြီး အခမဲ့ လှူဒါန်းပေးမယ့် စေတနာရှင် ပြည်သူတစ်ဦး

//s9.kh1.co/0b/0b9b5f86e665e029379ff29ed3bc9bbd0f8f80c0.jpeg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

....

ဒီကာလတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း မကြည့်ရက်လို့ ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေ ကူညီဖေးမလျက်ရှိကြပါတယ် ။ နိုင်ငံရေး အခြေအနေတွေရော ၊ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေရော ဆုံသွားတာကြောင့် အတော်လေး အဆင်မပြေကြတဲ့ ပြည်သူတွေ နေရာတိုင်းမှာ များစွာရှိနေပါတယ် ။ လက်လုပ်လက်စား ပြည်သူတွေဆို ပိုလို့တောင် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရပါတယ် ။

Photo Credit : Kyi Thar Han Facebook Account
Photo Credit : Kyi Thar Han Facebook Account
Photo Credit : Kyi Thar Han Facebook Account
Photo Credit : Kyi Thar Han Facebook Account

ဒီလို အခြေအနေတွေမှာ တစ်ချို့တွေက အခွင့်ကောင်းယူကာ ကုန်ဈေးနှုန်းတွေ ၊ ဆေးဝါတွေကို မတန်တဆတွေတင်ကာ ရောင်းချနေကြတာကို စိတ်မချမ်းမြေ့စွာတွေ့ရပါတယ် ။ ဒါမျိုးက မဖြစ်သင့်သလို မလုပ်သင့်တဲ့ အရာတွေပါ ။ ဒီလို အတ္တသမားတွေကြောင့် ခုဆို တကယ်ကို စာနာစိတ်အပြည့်ရှိတဲ့ စေတနာရှင်ပြည်သူတွေ ပူးပေါင်းပြီး လှူဒါန်းမှုတွေ နေရာ အစုံမှာ ပြုလုပ်လာကြပါတယ် ။

Photo Credit : Kyi Thar Han Facebook Account
Photo Credit : Kyi Thar Han Facebook Account
Photo Credit : Kyi Thar Han Facebook Account
Photo Credit : Kyi Thar Han Facebook Account

အခုလည်း အဆမတန် ဈေးတက်နေတဲ့ ကြက်ဥတွေကြောင့် ဝယ်မစားနိုင်တဲ့ ပြည်သူတွေ များစွာရှိနေမှာပါ ။ ဒါ့ကြောင့် ပြည်သူတစ်ဦးက မနက်ဖန်ကစပြီး လူတစ်ဦးကို ကြက်ဥ ငါးလုံးစီ ဝေမယ့်အ​ကြာင်းလေး ဖော်ပြလာပါတယ် ။ ဝေပေးမယ့်နေရာက ရန်ကုန်မှာဖြစ်ပြီး လိပ်စာအပြည့်အစုံကတော့ " နေ့လည် ၁ နာရီမှာ Suzuki KL Seven ရွာမကွေ့ Showroom ရှေ့ " မှာလို့ သိရပါတယ် ။ လိုအပ်သူတိုင်း လာရောက်ယူဆောင်နိုင်ရန် ရည်ရွယ်ကာ ပြန်လည်ဝေမျှပေးရင်း အလှူရှင်လည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Kyi Thar Han Facebook Account
Photo Credit : Kyi Thar Han Facebook Account
Source & Photo Credit : Kyi Thar Han Facebook Account
Source & Photo Credit : Kyi Thar Han Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T