ဆေးရုံကို အချိန်မှီရောက်ခဲ့ပေမယ့် ကံကြမ္မာရဲ့ရက်စက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်တစ်ဦးရဲ့ ဝမ်းနည်းစရာဖြစ်ရပ်လေး

//s9.kh1.co/5c/5c075db9c93353e9e2143891a7cc325240e0c343.jpeg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုဗစ်ရောဂါကူးစက်မှုကြောင့် လူကြီးလူငယ်မရွေး နေ့စဉ် အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။အဆိုးဆုံးကတော့ အောက်ဆီဂျင်ပြတ်လပ်မှုပြသနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံနေရသူတွေအသက်ဆက်လက်ရှင်သန်နိုင်ဖို့ နေ့စဉ်အောက်ဆီဂျင်ရတဲ့နေရာများမှာ တန်းစီနေရပါတယ်။ တစ်ချို့လူနာတွေမှာလည်း ဆေးရုံသို့ အချိန်မှီ မရောက်ရှိပဲ လမ်းခုလတ်မှာတွင် ဆုံးပါးသွားကြတာကိုလည်း စိတ်မကောင်းစရာ မြင်တွေ့နေရပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

မနေ့ကလည်း မန္တလေးမြို့တွင် ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက် ပရဟိတလုပ်ဆောင်နေသူတစ်ဦးရဲ့ လူမှုကွန်ယက်တွင် စိတ်မကောင်းစရာသတင်းလေးတစ်ခု ဝေမျှထားတာ ဖြစ်ပါတယ်။ ဒါကတော့ အချိန်မှီ မကယ်နိုင်လိုက်နိုင်ပဲ လက်ပေါ်တွင် အသက်ရှုကြပ်ပြီး သေဆုံးသွားတဲ့ ကလေးငယ်လေးရဲ့ အကြောင်းကို ပြောပြထားတာပါ။ လူငယ်လေးကိုယ်တိုင် ဆေးရုံကို အချိန်မှီ ပို့ပေးခဲ့ပေမယ့် ဆေးကုသဖို့ အဆောင်တွေကို ပတ်ရှာနေရင်းနဲ့ သူ့လက်ပေါ်တွင်ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ကလေးငယ်လေးဟာ ရုတ်တရက်အသက်ရှုကြပ်ရာကနေ အခုလို အသက်ပါပေးလိုက်ရတာ ဖြစ်ပါတယ်။ COVID လက္ခဏာပြပေမယ့် မိဘများမှ ဆေးစစ်မှုတွေမပြုလုပ်ဘဲ ရိုးရိုးဖျားတယ်ထင်တဲ့အတွက် နေအိမ်မှာပဲ ဆေးကုနေခဲ့ကြတာ ဖြစ်ပါတယ်။ကလေးရဲ့ မိဘတွေကလည်း သူတို့ရဲ့ ရင်သွေးလေးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဖြေမဆည်နိုင်အောင်ကို ခံစားနေကြရတာ ဖြစ်ပါတယ်။ မိဘများအနေနဲ့ ကိုယ့်ရဲ့ ရင်သွေးလေးတွေ ဒီကာလမှာ ဖျားနာတာရှိပါက ပေ့ါပေ့ါဆဆမနေကြဘဲ လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်သင့်ပါတယ်။ အားလုံးလည်း ဒီရောဂါဆိုးကြီးဘေးကနေ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T