လမ်းမှာတွေ့သမျှ အစ္စလာမ်ဘာသာဝင်တွေကို ဆရာလေးအဖြစ်နဲ့ပဲ ငွေကြေးတချို့ ရက်ရက်ရောရောလှူဒါန်းဝေငှနေတဲ့ စူးရှထက်

//s9.kh1.co/cc/ccb6f30b88d04c81f04c9826243d34462ee2febc.jpeg
အနုပညာရှင်များ

 ၂၃-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လမ်းမှာတွေ့သမျှ အစ္စလာမ်ဘာသာဝင်တွေကို ဆရာလေးအဖြစ်နဲ့ပဲ ငွေကြေးတချို့ ရက်ရက်ရောရောလှူဒါန်းဝေငှနေတဲ့ စူးရှထက်

မော်ဒယ်တစ်ယောက်ဖြစ်တဲ့ စူးရှထက်ကတော့ အလှူအတန်းအရမ်းရက်ရောပြီး ချို့တဲ့သူတွေကို အမြဲကူညီပေးနေတာဖြစ်ပါတယ်။အခုလတ်တလောမှာဆိုရင်လည်း စူးရှထက်က သာသနာ့ဘောင်သို့ဝင်ရောက်နေတာ (၅)ရက်လောက်ရှိသွားပြီဖြစ်ပါတယ်။ဒီတစ်ခါ သီလရှင်ဝတ်တာ သူမအတွက် ဒုတိယအကြိမ်ဖြစ်ပြီး ဆရာလေးအဖြစ်နဲ့လည်း ကုသိုလ်ကောင်းမှူတွေကို နေ့စဉ်မပြတ်လုပ်ဆောင်နေတာကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့မြင်ရပါတယ်။

Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc

စူးရှထက်က သူမကိုယ်တိုင်ရုန်းကန်ရှာဖွေထားတဲ့ ငွေကြေးတွေနဲ့ပဲ ကုသိုလ်တွေပြုလုပ်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ သူမက သီလရှင်ဝတ်လေးနဲ့ပဲ ပြည်သူတွေကို အောက်ဆီဂျင်၊ဆန်၊ငွေကြေး စတာလေးတွေကို လိုက်လံလှူဒါန်းနေတာဖြစ်ပါတယ်။ဒါ့အပြင် ဆရာလေးက အစ္စလာမ်ဘာသာဝင်တွေကိုလည်း ငွေကြေး​တချို့ ရက်ရက်ရောရောဝေငှခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး လှူဒါန်းပေးတဲ့ ဆရာလေးဆီကနေ အစ္စလာမ်ဘာသာဝင်တွေကလည်းလက်လေးနှစ်ဖက်နဲ့တရိုသေယူကြတာဖြစ်ပါတယ်။

Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc

တစ်ဦးစေတနာ၊တစ်ဦးမေတ္တာဆိုသလို ဘာသာရေးခွဲခြားမှုမရှိဘဲ ပြည်သူတွေအကုန်လုံးက ချစ်ချစ်ခင်ခင်ရှိနေကြတာ ပီတိဖြစ်ဖို့ကောင်းပါတယ်။ဆရာလေးကလည်း သူမသီလရှင်ဝတ်နေတဲ့ကာလတစ်လျှောက်လုံး သဒ္ဓါတရားထက်သန်စွာနဲ့ အလှူတွေပြုလုပ်နေလို့ ပြည်သူတွေက သာဓုခေါ်နေကြတာဖြစ်ပါတယ်။လမ်းမှာတွေ့သမျှ အစ္စလာမ်ဘာသာဝင်တွေကိုလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ လှူဒါန်းနေတဲ့ ဆရာလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc
Photo Credit:Zar Chi’s Fb acc

Source&Photo Credit:Zar Chi’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T