Flowmeter တစ်လုံးကြောင့် လက်တစ်ခုလုံး စုတ်ပြတ်သတ်သွားတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို အားလုံးသတိထားလို့ရအောင် မျှဝေပေးလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/b3/b3a968b4a0031117944a44bacecc78257cf5a2d7.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

Flowmeter တစ်လုံးကြောင့် လက်တစ်ခုလုံး စုတ်ပြတ်သတ်သွားတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို အားလုံးသတိထားလို့ရအောင် မျှဝေပေးလာတဲ့ ပြည်သူတစ်ဦး

ပြည်သူတွေ အခက်အခဲဖြစ်နေတဲ့ ဒီလိုကာလမှာ မတော်လောဘနဲ့ စီးပွားရှာနေတဲ့ လူတစ်စုကလည်း ရှိနေပြန်တာ ဖြစ်ပါတယ် ။ အောက်ဆီဂျင်အိုးတွေ အရေးပေါ်လိုအပ်လာတဲ့အချိန်မှာ စျေးတွေကို အရင်ကထက် မတန်မဆ တင်ရောင်းတဲ့သူတွေကြောင့် သာမာန်လက်လုပ်လက်စား ပြည်သူတွေခမျာ ပိုဒုက္ခရောက်နေရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် CNG အိုးတွေကို အောက်ဆီဂျင်အိုးပါဆိုပြီး လိမ်ရောင်းတဲ့သူတွေကြောင့် အသက်ဆုံးရှုံးရတဲ့သူတွေပါ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ပြည်သူတစ်ဦးက သူတို့လိုအဖြစ်မျိုး နောက်လူတွေမကြုံရအောင် သတိပေးထားတာ ဖြစ်ပါတယ် ။ အောက်ဆီဂျင်အိုးမှာသုံးတဲ့ Flowmeter မဟုတ်ဘဲ မှားယွင်းတပ်ဆင်မိတာကြောင့် လက်ထိခိုက်သွားတဲ့ ပြည်သူတစ်ဦးရဲ့ကိုယ်တွေ့အဖြစ်အပျက်ပဲ ဖြစ်ပါတယ် ။ ဆိုင်မှာသေချာမေးဝယ်လာတဲ့ကြားကနေ အခုလို ထိတ်လန့်စရာကောင်းတဲ့ဖြစ်ရပ်မျိူး ကြုံခဲ့ရကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အိမ်ရောက်တော့မှ ဘားတံကိုလှည့်ဖွင့်လိုက်ရုံနဲ့တင် ဗုံးပေါက်သလို ပေါက်ကွဲသွားတာဖြစ်ကြောင်း သူက ရေးသားပြောပြလာခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပေါက်ကွဲမှုကြောင့် Flowmeter တပ်ဆင်ပေးတဲ့သူရဲ့လက်တစ်ခုလုံးပါ စုတ်ပြတ်သွားတဲ့အထိ ဖြစ်သွားရပုံကို ပုံတွေနဲ့တကွ ဖော်ပြ‌ထားတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်းအောက်ဆီဂျင်အိုးမှာသုံးတဲ့ Flowmeter ဟုတ်မဟုတ်ဟုတ် သေချာစစ်ဆေးပြီးမှသာ အသုံးပြုသင့်ကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T