ရောဂါကူးစက်မှာကို မစိုးရိမ်ဘဲ ပြည်သူတွေအတွက် အဆုံးစွန် အထိ ကူညီပေးခဲ့ကြတဲ့ ပရဟိတ အသင်းသားများရဲ့ ချီးကျူးစရာ လုပ်ရပ်များ

//s9.kh1.co/38/38ca1fd7c4df9926cf33ddec1fbbd588ad07d99e.jpeg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံမှာ တတိယလှိုင်းအနေနဲ့ ပြန်လည် ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါဆိုးကြီးကို မထိန်းချုပ်နိုင်လောက်အောင် ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိပါတယ် ။ ရုတ်တရက် ပြောင်းလဲသွားတဲ့ အုပ်ချုပ်ရေး စနစ်တွေကြောင့် အရင်ကလို ရောဂါဖြစ်ရင် သေသေချာချာ ကုသစောင့်ရှောက်ပေးမယ့် နေရာတွေလည်း မရှိလို့ ဆုံးရှုံးလိုက်ရတဲ့ အသက်တွေလည်း မနည်းတော့ပါဘူး ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို ပြည်သူအားလုံး ဒုက္ခကိုယ်စီနဲ့ ကူရာမဲ့နေချိန်မှာ အချင်းချင်း လိုအပ်တာတွေ ထောက်ပံ့ပေးရင်း အားတင်းကာ ရှေ့ဆက်နေကြရပါတယ် ။ ဒါ့အပြင် ပရဟိတ အသင်းသားတွေဆိုရင်လည်း ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာတွေနဲ့ပတ်သက်တဲ့ ကိစ္စအဝဝကို အစအဆုံး နေ့မအား ညမအား တစ်အိမ်တက် တစ်အိမ်ဆင်း  ရှေ့ဆုံးက ဆောင်ရွက်ပေးနေကြတာ တကယ်ကို လေးစားစရာပါ ။  တစ်ချို့ဆို ထမင်းတောင် သုသာန်မှာပဲ အဆင်ပြေတဲ့ နေရာမှာ စားနေရသူတွေတောင် ရှိပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

သူတို့မှာလည်း မိသားစုဆိုတာရှိမှာပါ ဒါပေမယ့်လည်း အများအတွက် အနစ်နာခံကာ ရောဂါကူးစက်မှာကို မစိုးရိမ်ဘဲ သေဆုံးသူ အလောင်းတွေကအစ ကိုင်တွယ်ကာ အဆုံးစွန်ထိ ကူညီပေးနေကြတာမို့ အားလုံးက ချီးကျူးနေကြတာပါ ။ အခုလည်း ပရဟိတ အသင်းသားတွေရဲ့ လေးစားစရာ လုပ်ရပ်တွေကို ပြည်သူတစ်ဦးက မှတ်တမ်းတင်ကာ ဝေမျှထားတာတွေ့ရပါတယ် ။ ပုံတွေကြည့်ပြီး လေးစားလွန်းတာကြောင့် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T