ကိုယ်ချင်းမစာနာဘဲ အမြတ်ကြီးစားပြီး ရောင်းချနေတဲ့ အောက်ဆီဂျင်စျေးနှုန်းတွေကြောင့် မျက်လုံးပါပြူးရတယ်ဆိုတဲ့ ပြည်သူတွေရဲ့ရင်ဖွင့်စကား

//s9.kh1.co/d8/d8dc644823eb43a2924be37c57fa00e2524e532c.jpeg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ်ချင်းမစာနာဘဲ အမြတ်ကြီးစားပြီး ရောင်းချနေတဲ့ အောက်ဆီဂျင်စျေးနှုန်းတွေကြောင့် မျက်လုံးပါပြူးရတယ်ဆိုတဲ့ ပြည်သူတွေရဲ့ရင်ဖွင့်စကား

ပြည်သူလူထုကတော့ ကိုဗစ်ရောဂါဆိုးကြီးကို အတူတကွစုပေါင်းပြီး တိုက်ထုတ်နေရတာဖြစ်ပါတယ်။မိမိတို့ရဲ့မိသားစုဝင်တွေထဲမှာ ကိုဗစ်ဖြစ်ခဲ့ရင်လည်း အသက်ကယ်ဖို့အတွက် စုဆောင်းထားတာလေးနဲ့ အောက်ဆီဂျင်ဝယ်ပြီး ကုသပေးကြတာဖြစ်ပါတယ်။တချို့ကိုဗစ်လူနာတွေကတော့ အောက်ဆီဂျင်တောင်မလိုလိုက်ဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတာတွေလည်းရှိပါတယ်။တချို့အိမ်တွေမှာ တစ်မိသားစုလုံး ကိုဗစ်ဖြစ်ခဲ့ရင် ရပ်ကွက်နေပြည်သူတွေက ကျန်းမာရေးနဲ့အစားအသောက်အတွက် ဝိုင်းဝန်းကူညီပေးကြပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ဒီအခြေအနေမှာ တချို့စီးပွါးရေးသမားတွေကလည်း ဆေးပစ္စည်းတွေနဲ့ အောက်ဆီဂျင်တွေကို အမြတ်ကြီးစားပြီးစျေးနှုန်းမတန်တဆနဲ့ ရောင်းချနေကြတာဖြစ်ပါတယ်။ပြည်သူတွေခမျာ လူ့အသက်ထက် ဘာမှအရေးမကြီးလို့သာ ရောင်းတဲ့စျေးနှုန်းနဲ့ဝယ်နေရတာဖြစ်ပါတယ်။အခုလတ်တလောမှာဆိုရင် အောက်ဆီဂျင်စျေးနှုန်းက သိန်းဆယ်ဂဏန်းအထိ စျေးပေါက်ပြီး အောက်ဆီဂျင်အိုးအခွံတောင် သိန်းချီပြီးပေးဝယ်နေရတာဖြစ်ပါတယ်။Flowmeter တစ်ခုကိုလည်း ၅သောင်းနဲ့ တစ်သိန်းကြားရှိပြီး အရေးပေါ်ဆိုရင် နှစ်သိန်းလောက်ထိတောင်ပေးဝယ်နေရတယ်လို့ သိရပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ပစ္စည်းအစုံအလင်ရှိလို့ လေဖြည့်တော့မယ်ဆိုရင်တောင် 40L အိုးကြီးတွေကို တစ်ခါဖြည့်ရင် အနည်းဆုံး (၅)ရက်စောင့်ရသေးတာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေဖြစ်နေတာကြောင့် အခြေခံလူတန်းစားတွေအတွက်ဆိုရင်အောက်ဆီဂျင်အိုးအခွံဖိုးအတွက်တောင် မတတ်နိုင်တာဖြစ်ပါတယ်။တချို့စီးပွါးရေးသမားတွေလည်း ခက်ခဲနေတဲ့ကာလကြီးမှာ လူသားအချင်းချင်း မေတ္တာတရားထားပြီး သင့်ရုံလောက်ရောင်းချကြပါလို့ အနူးအညွတ်မေတ္တာရပ်ခံရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T