နှလုံးရောဂါအခံရှိပြီး ကိုဗစ်ကူးစက်ခံခဲ့ရပေမယ့် ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် နေပြန်ကောင်းလာပြီဖြစ်တဲ့ စာရေးဆရာမကြီးဗိုလ်ချိုမြေတင်တင်ဝင်း

//s9.kh1.co/29/29632e4ccac0c5991772ab1efa7951d539a8fb43.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

နှလုံးရောဂါအခံရှိပြီး ကိုဗစ်ကူးစက်ခံခဲ့ရပေမယ့် ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် နေပြန်ကောင်းလာပြီဖြစ်တဲ့ စာရေးဆရာမကြီးဗိုလ်ချိုမြေတင်တင်ဝင်း

ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို မြန်မာပြည်သူတွေဟာ အလူးအလဲခံစားနေရပြီး ရောဂါကူးစက်ခံရရင်း သေဆုံးသွားသူတွေလည်းရှိသလို တစ်ဖက်မှာလည်း စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုဗစ်ရောဂါကိုတိုက်ထုတ်ကာ ပျောက်ကင်းသွားတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။ ဆောင်းပါးတွေကို ရေးသားခဲ့တဲ့စာရေးဆရာမကြီးဗိုလ်ချိုမြေတင်တင်ဝင်းဟာလည်း ကိုဗစ်ရောဂါကူးစက်မှုကိုခံခဲ့ရပါတယ်။ ယခုမှာတော့ အဆုတ်နဲ့နှလုံး ရောဂါအခံရှိပြီး အသက်(၇၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စာရေးဆရာမကြီး ဗိုလ်ချိုမြေတင်တင်ဝင်းဟာ ကိုဗစ်ရောဂါကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စာရေးဆရာမကြီးရဲ့သားဖြစ်သူ ကတော့ မိခင်ဖြစ်သူဒေါ်တင်တင်ဝင်းတစ်ယောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့အကြောင်း ပြည်သူတွေကို အသိပေးလာခဲ့တာဖြစ်ပါတယ်။ ဆရာမကြီးဟာ အောက်ဆီဂျင်ရှူရတဲ့အထိဖြစ်ခဲ့ပေမယ့် ယခုမှာတော့ သူ့ဘာသာသူအသက်ရှူလေ့ကျင့်ခန်းလုပ်နိုင်တဲ့အထိ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတာဖြစ်ပါတယ်။ ဆရာမကြီးဒေါ်တင်တင်ဝင်းဟာ သူကိုယ့်သူအရမ်းဂရုစိုက်သလို တစ်ခုခုဖြစ်တာနဲ့သားဖြစ်သူရဲ့ ပြောစကားအတိုင်း တသွေမသိမ်းနားထောင်ပြီး ဆေးသောက်တာ၊အစာစားတာတွေပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ (၁၂)ရက်တာကာလကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီး နေပြန်ကောင်းလာတဲ့ ဆရာမကြီးဗိုလ်ချိုမြေတင်တင်ဝင်းအတွက် ပြည်သူတွေက ဝမ်းသာနေကြပါတယ်။ ဆရာမကြီးရဲ့သားဖြစ်သူကတော့ " ကျွန်တော့်အမေလို ရောဂါအခံရှိပြီး အသက်အရွယ်ကြီးတဲ့ အဖွားအိုတောင် ဂရုတစိုက်နဲ့ သတ္တိရှိရှိ ကိုဗစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရင် ကျွန်တော်တို့တတွေ အောက်စီဂျင် အကူအညီ ယူရတဲ့ အဆင့်အထိ မရောက်အောင် ဂရုပြုပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်လွှားကြပါစို့ဗျာ "ဆိုပြီး စိတ်ဓာတ်ကျနေသူတွေကို အားပေးစကားပြောဆိုထားတာတွေ့ရပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရပေမယ့် နေပြန်ကောင်းလာပြီဖြစ်တဲ့ စာရေးဆရာမကြီးဗိုလ်ချိုမြေတင်တင်ဝင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T