Ambulance ကားတွေကိုမြင်တာနဲ့ လက်အုပ်ပြီး အိမ်ထဲဝင်ပြေးတဲ့လူတွေကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ရင်ဖွင့်လာတဲ့ ပရဟိတသမားတစ်ဦး

//s9.kh1.co/f1/f1a61e74d6e0191dd03e81b7379b3b013b2677c7.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

Ambulance ကားတွေကိုမြင်တာနဲ့ လက်အုပ်ပြီး အိမ်ထဲဝင်ပြေးတဲ့လူတွေကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ရင်ဖွင့်လာတဲ့ ပရဟိတသမားတစ်ဦး

Volunteers တွေကတော့ အခုလိုအချိန်မှာ ပြည်သူတွေအတွက် တကယ့်ကို အလေးထားအားကိုးရတဲ့ သူရဲကောင်းတွေပဲ ဖြစ်ကြပါတယ် ။ သူတို့တွေက လူနာတွေသွားရေးလာရေး အဆင်ပြေအောင် ကူညီပေးကြသလို ကိုဗစ်ကြောင့် သေဆုံးသွားတဲ့သူတွေရဲ့ရုပ်အလောင်းတွေကိုလည်း သယ်ယူပို့ဆောင်ပေးနေတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ ပရဟိတသမားတွေကိုမြင်တာနဲ့ ကိုဗစ်ကူးမှာကြောက်ပြီး ခွဲခြားခွဲခြားဆက်ဆံတဲ့သူတွေကြောင့် စိတ်မကောင်းစရာအဖြစ်တွေ ဖြစ်ပွားခဲ့ရတာလည်း ရှိပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြီးခဲ့ရက်ကဆိုရင်လည်း ပရဟိတသမားတစ်ယောက်က ဗိုက်ဆာလို့ထမင်းသွားဝယ်တာကို ဆိုင်ရှင်ကမရောင်းရဲဘူးပြောလို့ အခက်ကြုံခဲ့ရကြောင်း ရင်ဖွင်ခဲ့ပါသေးတယ်။ အခုလည်း သကျနွယ် လူမှုကူညီရေးအသင်းက ပရဟိတသမားတစ်ဦးက သူ့ရဲ့ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို ပြောပြထားပါတယ် ။ Ambulance ကားတွေကိုမြင်တာနဲ့ လက်တွေအုပ်ပြီး အိမ်ထဲဝင်ဝင်ပြေးကြတဲ့လူတွေနဲ့ တွေ့ခဲ့ရကြောင်း သူကပြောထားတာ ဖြစ်ပါတယ် ။

https://s9.kh1.co/__image/w=650,h=293,q=100/80/8031eefd4fd3e7c5589419a4aeae0a8d769b9001.jpg
Photo Credit-Original Uploader
Photo Credit-Original Uploader

သူတို့အဖွဲ့တွေ လမ်းထဲဝင်လာတဲ့အချိန်မှာဖြစ်ဖြစ် လမ်းပေါ်သွားတဲ့အချိန်မှာဖြစ်ဖြစ် အဲ့ဒီလိုမျိုးလုပ်ပြတဲ့ လူတွေကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ သူကဆိုပါတယ်။ ဒါကြောင့် သူက "ကျွန်တော်မေးချင်ပါတယ်ဗျာ…အဲ့ရောဂါပိုးက ကျွန်တော်တို့ကားလာမှပါမှာလား ကျွန်တော်တို့အနားကပ်မှ အဲ့ရောဂါကကူးမှာလား.ပြောချင်နေတာကြာပါပြီဗျာ စိတ်ထဲတော့တော်တော်မကောင်းဘူး..ကျွန်တော်တို့မပြောသာလို့သာ..ထုတ်မပြောကြတာပါဗျာ လူတွေကိုတကယ်စိတ်ပျက်နေပြီ" ဆိုပြီး ရင်တွင်းခံစားချက်တွေကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။ ပရဟိတသမားတွေက ပြည်သူတွေကို အသက်နဲ့ရင်းပြီး ကူညီနေတဲ့သူတွေဖြစ်တာကြောင့် သူတို့ကိုလည်း ပြည်သူအချင်းချင်းစာနာပေးဖို့ လိုအပ်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T