စျေးနှုန်း အဆမတန်မြင့်တက်ခဲ့တဲ့ ကြက်ဥကို ဥတစ်လုံး (၅)ကျပ်နှုန်းထားဖြင့် ကူညီရောင်းချပေးခဲ့တဲ့ စေတနာရှင်ပြည်သူများ

//s9.kh1.co/45/45d697410e9fc0cf6336b5a8e34591f278e19d46.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ မြန်မာပြည်သူတွေကတော့ နိုင်ငံရေးအခြေအနေနဲ့ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရရှာပါတယ်။ ဒါ့အပြင် စားသောက်ကုန်တွေနဲ့ ဆေးဝါးတွေကလည်း ဝယ်ချင်တိုင်းလည်းမရသလို စျေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာခဲ့တာကြောင့် ပြည်သူတွေဟာဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလိုအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကိုလည်း အလှူရှင်တွေက အကြပ်အတည်းတွေ ကြားကနေ တတ်နိုင်သလောက်လှူဒါန်းပေးလာကြတာ တွေ့မြင်ရပါတယ်။

Photo-Flannel Box
Photo-Flannel Box
Photo-Flannel Box
Photo-Flannel Box

တချို့ စေတနာရှင်တွေဆိုရင်လည်း တစ်အိမ်လုံးနေမကောင်းဖြစ်နေကြတဲ့ မိသားစုတွေကို ဆေးဝါးတွေနဲ့ စားသောက်စရာတွေကို ဝယ်ယူလှူဒါန်းပေးလာကြပါတယ်။ ယခုနောက်ပိုင်းမှာတော့ ပြည်သူကိုပြည်သူကပဲ လိုအပ်နေတာတွေကို အချင်းချင်း ကူညီထောက်ပံ့ပေးလာခဲ့တာ တွေ့လာရပါတယ်။ ယခုမှာလည်း ပြည်သူက ပြည်သူတွေကို ကူညီထောက်ပံ့ပေးခဲ့တဲ့ ကြည်နူးစရာသတင်းလေးတစ်ခုကို ထပ်မံကြားသိရပါတယ်။

Photo-Flannel Box
Photo-Flannel Box
Photo-Flannel Box
Photo-Flannel Box

ဒါကတော့ ယမန်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းက Flannel Box မှာ ငွေကျပ်(၄၀၀)နီးပါးလောက် စျေးနှုန်းအဆမတန် မြင့်တက်ခဲ့တဲ့ ကြက်ဥကို ဥတစ်လုံး (၅)ကျပ်နှုန်းထားဖြင့် ပြည်သူတွေအတွက် ကူညီရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ လိုအပ်နေတဲ့ ပြည်သူတွေကတော့ (၅)ကျပ်တန်၊ (၅၀)ကျပ်တန်နဲ့ (၁၀၀) ကျပ်တန် ငွေစက္ကူများဖြင့် လာရောတန်းစီပြီး ဝယ်ယူခဲ့ကြတာကို တွေ့မြင်ရပါတယ်။ ဒီလိုမွန်မြတ်တဲ့ အလှူလေးကတော့ မြင်ရသူအဖို့ တကယ့်ကို ကြည်နူးပီတိ ဖြစ်ရမယ်လို့လည်း ထင်မိပါတယ်။

Photo-Flannel Box
Photo-Flannel Box

သတင်း အရင်းအမြစ်Source -Flannel Box

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T