ယောက်ျားလေး(၄)ယောက်က ဓားထောက်ပြီး လုယက်နေတာကို လမ်းသွားလမ်းလာတွေမကူညီခဲ့လို့ ပစ္စည်းတွေအကုန်ပါသွားခဲ့ရတဲ့ မိန်းကလေးတစ်ဦးရဲ့ဖြစ်ရပ်

//s9.kh1.co/01/01c3b6ab95c7102bc42fe23a7948e8d1f9af7dc5.jpeg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ယောက်ျားလေး(၄)ယောက်က ဓားထောက်ပြီး လုယက်နေတာကို လမ်းသွားလမ်းလာတွေမကူညီခဲ့လို့ ပစ္စည်းတွေအကုန်ပါသွားခဲ့ရတဲ့ မိန်းကလေးတစ်ဦးရဲ့ဖြစ်ရပ်

လက်ရှိအခြေအနေမှာတော့ တချို့မသမာသူတွေက နိုင်ငံရေးမတည်ငြိမ်သေးတာကို အကြောင်းပြုပြီး ပြည်သူတွေဆီကနေ ခိုးဆိုးလုယက်နေကြတာဖြစ်ပါတယ်။မန္တလေးမြို့မှာဆိုရင် အိမ်တွေထဲကို လူအုပ်လိုက်ဝင်ပြီး ဆိုင်ကယ်တွေဝင်ခိုးနေကြသလို လူပြတ်တဲ့နေရာတွေမှာလည်း လုယက်နေတာနဲ့ ကြုံတွေ့နေတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း မန္တလေးမြို့မှာနေထိုင်ထဲ မိန်းကလေးတစ်ဦးက (၇၈)လမ်း၊ကျွဲဆည်ကန်(၁)လမ်းဘက်ကို ညနေ့(၃)နာရီခွဲလောက်က သွားခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

မိန်းကလေးကတော့ အဖော်တစ်ယောက်နဲ့အတူ Scoppy အနက်ရောင်လေးစီးပြီး ထွက်သွားခဲ့ရာမှ ဆိုင်တစ်ဆိုင်ရှေ့အရောက်မှာ ဓားထောက်အလုခံရတာဖြစ်ပါတယ်။လုတဲ့သူတွေက ယောက်ျားလေး (၄)ယောက် ဖြစ်ပြီး သူမကိုလမ်းနံပါတ်မေးသလိုနဲ့ ဓားထောက်ထားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနားမှာ လမ်းသွားလမ်းလာပြည်သူတွေလည်းရှိပေမယ့် သူမတို့ဖြစ်ပျက်နေတဲ့အခြေအနေကို ဘယ်သူမှဝင်မကူညီကြဘူးလို့ စာထဲမှာ ရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

မိန်းကလေးစီးလာတဲ့ ဆိုင်ကယ်ကိုလည်း လုယက်သွားတဲ့အပြင် ပိုက်ဆံအိတ်၊မှတ်ပုံတင်၊လိုင်စင်တွေပါ အကုန်ပါသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနားတစ်ဝိုက်မှာ လာရောင်းတဲ့သူများရှိခဲ့ရင် သူမကို ဆက်သွယ်ပေးဖို့အတွက်(09986324544)(09963486778) တောင်းဆိုလာတာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာ ပြည်သူတွေအနေနဲ့လည်း လမ်းပေါ်ထွက်ရင် သတိဝီရိယလေးထားပြီး ဂရုစိုက်ကြပါလို့ မှာကြားရင်း ဒီအဖြစ်အပျက်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T