လူ့လောကထဲကိုရောက်တာ (၂)ရက်ပဲရှိသေးပေမယ့် အရေးပေါ်အောက်ဆီဂျင် လိုအပ်နေရှာတဲ့ မွေးကင်းစကလေးငယ်လေးရဲ့အဖြစ်

//s9.kh1.co/a9/a95cff75f20523f23f543d58bde20677ee0ba183.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လူ့လောကထဲကိုရောက်တာ (၂)ရက်ပဲရှိသေးပေမယ့် အရေးပေါ်အောက်ဆီဂျင် လိုအပ်နေရှာတဲ့ မွေးကင်းစကလေးငယ်လေးရဲ့အဖြစ်

အခုချိန်မှာတော့ ပြည်သူတွေက စားဝတ်နေရေး ကျပ်တည်းနေတဲ့ကြားကနေ အောက်ဆီဂျင်ရှားပါးတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။ အောက်ဆီဂျင်တစ်အိုးရဖို့အတွက် မနက်အစောကြီးထပြီး အလုအယက် တန်းစီစောင့်ဆိုင်းရတဲ့အဖြစ်တွေလည်း ကြုံလာရပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် အောက်ဆီဂျင်ကျတဲ့ ကိုဗစ်လူနာတွေဆိုရင် အောက်ဆီဂျင် အချိန်မီမရလိုက်တာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးသွားခဲ့ရတဲ့အဖြစ်တွေကလည်း တကယ့်ကို ရင်နင့်ကြွေကွဲစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 

အခုလည်း အောက်ဆီဂျင်အရေးပေါ် လိုအပ်နေတဲ့ ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အကူအညီတောင်းခံထားတာ တွေ့ရပါတယ်။ သူကတော့ လူ့လောကထဲကိုရောက်တာ (၂)ရက်သာရှိသေးတဲ့ မွေးကင်းစကလေးငယ်လေးအတွက် အောက်ဆီဂျင်ရှာဖွေနေတာပဲ ဖြစ်ပါတယ် ။ နို့လည်းမစို့သလို ငိုလည်းမငိုတဲ့ ဒီကလေးလေးက အခုချိန်မှာ အောက်ဆီဂျင် လုံလုံလောက်လောက် ရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ် ။

Photo Credit-Naungyede's FB Acc
Photo Credit-Naungyede's FB Acc

ယခုလက်ရှိမှာတော့ ဒီကလေးလေးကို မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ရှိ သရက်ဆေးရုံမှာ တင်ထားရတာ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း မွေးကင်းစအရွယ်လေးနဲ့ ဒုက္ခရောက်နေတဲ့ ကလေးလေးရဲ့အဖြစ်ကိုကြည့်ပြီး သနားကရုဏာသက်မိတာကြောင့် အောက်ဆီဂျင်အိုးရဖို့အတွက် ဝိုင်းဝန်းကြိုးစားပေးနေကြတာ ဖြစ်ပါတယ် ။ အောက်ဆီဂျင်လိုအပ်နေတဲ့ (၂)ရက်သား ကလေးငယ်လေးအတွက် ကူညီပေးနိုင်မယ့်သူများရှိရင် ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းနံပါတ်ကိုပါ ဖော်ပြထားတာ လည်း တွေ့ရပါတယ်။

Source & Photo Credit-Naungyede's FB Acc

Photo Credit-Naungyede's FB Acc
Photo Credit-Naungyede's FB Acc
Photo Credit-Naungyede's FB Acc
Photo Credit-Naungyede's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T