အပုပ်နံရလို့ နေအိမ်ထဲကို ခက်ခက်ခဲခဲ ဝင်ရောက်ကြည့်တဲ့အခါ အခန်းထဲမှာ တစ်ဦးတည်းပုပ်ပွသေဆုံးနေတဲ့ စမ်းချောင်းမြို့နယ်က ရင်နင့်စရာအဖြစ်

//s9.kh1.co/d6/d65b87491f490c747f6175ab30df27233caad139.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ မြန်မာပြည်သူတွေကတော့ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်းကိုဗစ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရရှာပါတယ်။ တစ်နေ့တခြား ကူးစက်မှုတွေများလာတာနဲ့အမျှ ကိုဗစ်ရောဂါကြောင့် သေဆုံးအရေအတွက်ကလည်း စံချိန်တင်လောက်အောင် များလာခဲ့ပါတယ်။ အရင်လို ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေ လုံလုံလောက်လောက် မပေးနိုင်ခဲ့တဲ့ အခြေအနေတွေကြောင့် နေအိမ်တွေမှာပဲ အများဆုံးကုသနေကြရရှာပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload

ဒီလိုကုသနေရင်းနဲ့လည်း ချစ်ရတဲ့သူတွေ မျက်စိအောက်မှာပဲ ဆုံးပါးနေကြသလို တချို့မှာလည်း နေအိမ်တွေမှာ လူမသိသူမသိ သေဆုံးနေကြတဲ့ သတင်းတွေကလည်း လူမှုကွန်ယက်ပေါ် မှာ နေ့စဉ်အမျှ စိတ်မကောင်းစွာနဲ့ တွေ့မြင်ကြားသိနေရပါတယ်။ ယမန်နေ့က ဆိုရင်လည်း ရန်ကုန်တိုင်းဒေသကြီး ၊ စမ်းချောင်းမြို့နယ်မှာ မြင်ရသူတွေအဖို့ ရင်နင့်ကြွေကွဲစရာ ဗီဒီယိုတစ်ခုကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload

ဒီ ဗီဒီယိုလေးကတော့ စမ်းချောင်းမြို့နယ်၊ ပန်းတနော်လမ်းထဲက နေအိမ်တစ်အိမ်မှာ ဆိုးဆိုးရွားရွား အပုပ်အနံတွေထွက်ရှိနေတာကြောင့် ပတ်ဝန်းကျင်က ပြည်သူတွေက စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ကို အကူညီတောင်းပြီး ခက်ခက်ခဲခဲ ဝင်ရောက်ကြည့်တဲ့အခါမှာ အမျိုးသားတစ်ဦးဟာ အခန်းထဲမှာပဲ ပုပ်ပွသေဆုံးနေတာကို တွေ့ရပါတယ်။ ဒီအိမ်မှာတော့ အဆိုပါသေဆုံးနေတဲ့ အမျိုးသားတစ်ဦးတည်းသာ နေထိုင်တာဖြစ်တယ်လို့လည်း ကြားသိရပါတယ်။  

https://s9.kh1.co/__image/w=600,h=273,q=100/5c/5c87161b370be124363ab77438e3c3e8eddde7a5.jpg

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://www.facebook.com/100053050661864/videos/1405958023123392/

သတင်း အရင်းအမြစ်VideoCredit &Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T