အသက်အရွယ်အားဖြင့် ကြီးနေပီဆိုပေမယ့် လူငယ်လေးတွေအတိုင်း လှမြဲ လှဆဲ ဖြစ်နေတဲ့ သူတွေရှိကြပါတယ်။ အဲ့ဒီလိုပဲ ဂျပန်နိုင်ငံက Masako Mizutani ဆိုတဲ့ အမျိူးသမီးဟာလည်း အသက် ၅၀ ကျော်နေတာတောင် လူငယ်လေးတွေအတိုင်း လှပနေသူ တစ်ဦးပဲ ဖြစ်ပါတယ်။
Masako Mizutani ကိုတော့ (၁၉၆၈)ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး သူမအသက်(၄၇)နှစ် (၂၀၁၅)ခုနှစ်တည်းက သူမရဲ့ဓါတ်ပုံတွေကို အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။ အဲ့ဒီကတည်းက စပြီး နုပျိုလွန်းတဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။ အလှမယ််သရဖူဆောင်း ပြီးနောက်မှာတော့ မော်ဒယ်အေဂျင်စီတွေက သူမကို အပြိုင်အဆိုင်ကမ်းလှမ်း ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သူမဟာဂျပန်နိုင်ငံရဲ့ “Youthful Pageant” နုပျိုလွန်းတဲ့အလှမယ်ဖြစ်လာခဲ့ပြီး သူမရဲ့ ဂုဏ်သတင်းက တဖြေးဖြေးပိုမွှေးလာခဲ့ပါတယ်။ နုပျိုနေရတဲ့ လျှို့ဝှက်ချက်တော့ သူမဟာ သတ်သတ်လွတ် Diet Plan နဲ့ စားသောက်သူဖြစ်ပြီး၊အရက်၊ဆေးလိပ်လုံးဝမသောက်သလို နေရောင်နဲ့ အသားရေထိတွေ့တာတွေကိုပါ သေသေချာချာဂရုစိုက်ကန့်သတ်ထားသူပါ။ ဒါတင်မကပဲ တစ်နေ့မှာငါးနာရီလောက် skin care ၊ body care လုပ်လေ့ရှိပါတယ်။ ထာဝရနုပျိုသူ ဂျပန်အမျိုးသမီးလို့ ထင်ရှားတဲ့ Masako Mizutani လေးဟာ နာမည်နဲ့လိုက်အောင် အရွယ်တင် နုပျိုလှပတဲ့သူဆိုတာ သူမရဲ့ပုံတွေကြည့်တာနဲ့ သိရှိနိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ Good Time