အလံဖြူရော အလံဝါပါထောင်ပြီး အကူအညီတောင်းခံနေရတဲ့ အိမ်တစ်အိမ်က ပြည်သူတစ်ဦးရဲ့ရင်နင့်ကြေကွဲစရာ အဖြစ်အပျက်လေး

//s9.kh1.co/91/91376df34b4707a869a8fc15682dc90f9234fbc2.jpg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အလံဖြူရော အလံဝါပါထောင်ပြီး အကူအညီတောင်းခံနေရတဲ့ အိမ်တစ်အိမ်က ပြည်သူတစ်ဦးရဲ့ရင်နင့်ကြေကွဲစရာ အဖြစ်အပျက်လေး

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံက ပြည်သူတွေက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီပြီး အခက်အခဲဒုက္ခတွေကို အားတင်းကျော်ဖြတ်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ် ။ ကိုဗစ်ကူးစက်ခံရပြီး အချိန်မီဆေးမကုသနိုင်လို့ အသက်ဆုံးရှုံးနေရတဲ့ ပြည်သူတွေရဲ့သတင်းတွေကလည်း နေ့စဥ်နဲ့အမျှ မြင်နေကြားနေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပြည်သူတွေက ဒုက္ခရောက်နေတဲ့သူကို ကူညီလို့အောင် အလံထောင်ပြီး အကူအညီတောင်းတဲ့စနစ်ကို ကျင့်သုံးနေကြပြီလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အိမ်တစ်အိမ်မှာ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရပြီး ဒုက္ခရောက်နေပါက အလံထောင်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းလို့ရတာပဲ ဖြစ်ပါတယ် ။ လက်ရှိအခြေအနေမှာတော့ အလံဖြူကို အစားအသောက် အကူအညီအတွက် အသုံးပြုနိုင်ပြီး အလံဝါကိုတော့ ဆေးဝါးအကူအညီအတွက် အသုံးပြုနိုင်တာ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးက အလံဖြူရော အလံဝါပါထောင်ပြီး အကူအညီတောင်းခံနေရတဲ့ အဘတစ်ယောက်ရဲ့အကြောင်းကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader

ရန်ပြေ (၁၁)လမ်းက နေအိမ်တစ်အိမ်မှာ ဇနီးနဲ့သမီးဖြစ်သူကို ဆုံးရှုံးထားတဲ့ အိမ်ထောင်ဦးစီးအဘက သူကိုယ်တိုင် အောက်ဆီဂျင်ရှူနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် အိမ်ရှေ့မှာ အလံဖြူရော အလံဝါပါထောင်ပြီး အကူအညီတောင်းထားတာကို မြင်တဲ့သူက တစ်ခြားသူတွေပါ ကူညီလို့ရအောင် လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အဘအတွက် အစားအသောက်နဲ့ ဆေးဝါးလိုအပ်နေသလို အောက်ဆီဂျင်အိုးလေးပါရရင် ကူညီပေးဖို့ ပြောထားတာလည်း တွေ့ရပါတယ်။ မိသားစုဝင်တွေကို ဆုံးရှုံးထားရတဲ့အပြင် ကိုယ်တိုင်ပါဝေဒနာခံစားနေရတဲ့ ပြည်သူတစ်ဦးရဲ့အဖြစ်က တကယ့်ကို ရင်နင့်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ 

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T