ကမ္ဘာကြီးပေါ်မှာ တကယ်ရှိခဲ့ပြီး ထူးထူးဆန်းဆန်း သစ်ကုလားအုတ်နဲ့တူတဲ့ မိန်းကလေး တစ်ယောက် အကြောင်း

//s9.kh1.co/1e/1e873c4f6b9d546d8564c4738aa86576101fa076.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာကြီးပေါ်မှာတော့ သင်မယုံကြည်နိုင်လောက်အောင် ထူးဆန်းတဲ့အရာတွေများစွာတည်ရှိနေပါတယ်။ တစ်ခါတစ်ရံမှာ တကယ်ရောဟုတ်ပါ့မလားဆိုတဲ့ အတွေးလေးတောင် ဝင်မိတဲ့အထိ အံသြစရာအရာလေးတွေလည်း ရှိနေတတ်ပါတယ်။အဲ့လိုပါပဲ အခုအခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးဟာဆိုရင်တော့ လွန်ခဲ့တဲ့ ၁၈ ရာစုနှစ်လောက်က တကယ်ရှိခဲ့တဲ့ ခန္ဓာကိုယ်အောက်ပိုင်း သစ်ကုလားအုတ်ပုံစံ နဲ့ မိန်းကလေးတစ်ဦးအကြောင်းပဲဖြစ်ပါတယ်။ သူမရဲ့နာမည်ကတော့ Ella Harper ဖြစ်ပြီး ၁၈၇၀ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာဖွားမြင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=427,h=700,q=100/55/55f371d34ea29ca5c475951ec5184420e1c98c1d.jpg

သူမရဲ့ခြေထောက်တွေဟာ မွေးလာထဲက ကောက်ကွေ့ကာ ပြောင်းပြန် ပုံစံနဲ့မွေးဖွားလာတာကြောင့် သူမဟာ သာမန်လူတစ်ဦးလို လမ်းမလျှောက်နိုင်ဘဲ သတ္တဝါ တစ်ကောင်လိုသာ လမ်းလျှောက်နိုင်သူတစ်ဦးပဲဖြစ်ပါတယ်။သူမဟာ အသက် ၁၂ နှစ်အရွယ်မှာ Nickel Pate Circus program မှာ ဝင်ရောက်ခဲ့ပြီး သူမရဲ့ထူးခြားမှုကို ဝင်ရောက်ပြသခဲ့ရာမှ Camel Girl ဆိုတဲ့ nick name လေးတစ်ခုရရှိခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ထူူးခြားမှုတစ်ခုကတော့ သူမဟာ စတင်ပြသတဲ့တစ်ပတ်ထဲမှာတင် ယခုခေတ်အတိုင်းအတာနဲ့ဆိုရင် $5000 လောက်ဝင်ငွေတွေရရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ Ella ဟာ သူမအသက်၃၅ နှစ်အရွယ် ၁၉၀၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ Robert နဲ့လက်ထပ်ထိမ်းများခဲ့ပြီး သိပ်မကြာခင်မှာတင် ကိုယ်ဝန်ရရှိကာ Mabel E လို့အမည်ရတဲ့ သမီးလေးတစ်ယောက်ကိုဖွားမြင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=336,q=100/f4/f41f7e83075a219f80759ca2c685cb66d55d0cc4.jpg
https://s9.kh1.co/__image/w=600,h=1011,q=100/d5/d50451f54d8577c419bad59a989c4406978418e4.jpg

ဒါပေမယ့် ကံဆိုးမှုတစ်ခုလို့ ဆိုရလောက်အောင်ပင် သူမရဲ့သမီးလေးဟာ ၁၉၀၆ ခုနှစ် နိုဝင်ဘာလမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ အဲ့ဒီနောက် Ella ဟာ သူမရဲ့ အသက် ၄၈ အရောက်မှာ Jewel Savely လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ကိုထပ်မံရရှိခဲ့ပေမယ့် ထိုကလေးဟာ အသက် ၃ လအရွယ်မတိုင်ခင်မှာပဲ ထပ်မံသေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သုံးနှစ်အကြာမှာတော့ Ella ဟာ အူမကြီးကင်ဆာ ရောဂါဖြင့်သေဆုံးခဲ့ပြီး သူမရဲ့သမီးလေး ဘေးမှာတင် မြုပ်နှံပေးခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ သူမသေဆုံးခဲ့တာဟာ ၉၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း သူမရဲ့ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် လူအများကြားမှာ နာမည်ကျန်နေသေးတာဖြစ်တဲ့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

https://s9.kh1.co/__image/w=450,h=349,q=100/15/15db0b2db4467e367fdc82343689ee939caaf17b.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T